ဗေဒင်ခန်းဖွင့်ပြီး ငွေသိန်းပေါင်းများစွာလိမ်လည်ခဲ့သော ယောဂီဝတ်နန္ဒမာလာကို CID စတင်စစ်ဆေးပြီ

ဗေဒင်ဟောခန်းဖွင့်ပြီး ယောဂီဝတ်နဲ့ ငွေကျပ်သိန်းပေါင်းများစွာလိမ်လည်ခဲ့တဲ့ ဒေါ်နန္ဒမာလာ ကို မှုခင်းရဲတပ်ဖွဲ့ ( CID ) က စတင်စစ်ဆေးနေပြီဖြစ်တယ်လို့ ရဲအရာရှိတစ်ဦးကဆိုပါတယ်။

ဒီဇင်ဘာ ၆ ရက်နေ့မှာ ဒေါ်နန္ဒမာလာ နဲ့ အတူနေအမျိုးသား တစ်ဦး၊ မန်နေဂျာတစ်ဦးတို့ကို လှိုင်မြို့နယ်တရားရုံးမှာ ငွေကြေးလိမ်လည်မှု၊ တရားခံကို လက်ခံထိန်းသိမ်းမှုတွေနဲ့ စစ်ဆေးခဲ့တာဖြစ်ပါတယ်။
အဲဒီအမှုနဲ့ပတ်သက်ပြီး တရားလိုတွေဖြစ်ကြတဲ့ ရွှေကိန္ဒရီ Travel Agency က လုပ်ငန်းပိုင်ရှင်အမျိုးသား နဲ့ အမျိုးသမီးနှစ်ဦးကို CID က ခေါ်ယူမေးမြန်းမှုတွေပြုလုပ်ခဲ့ပါတယ်။

ဒေါ်နန္ဒမာလာ က အဆိုပါ လုပ်ငန်းပိုင်ရှင်အမျိုးသားကို မဟုတ်မမှန်စွပ်စွဲတယ်ဆိုပြီး အွန်လိုင်းမှာစတင်ရေးသားခဲ့ပါတယ်။ အဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီး ဒီဇင်ဘာ ၆ ရက်နေ့က လှိုင်တရားရုံးမှာ ပထမဆုံးရုံးထုတ်စစ်ဆေးပြီး လုပ်ငန်းရှင်အမျိုးသားကို အာမခံပေးခဲ့ပါတယ်။ အဲဒီနေ့က ဒေါ်နန္ဒမာလာ က လာရောက်ခြင်းမရှိခဲ့ဘူးလို့သိရပါတယ်။

ဒေါ်နန္ဒမာလာ ဟာ မင်္ဂလာဒုံ၊ ခရေပင်ရိပ်မွန်အိမ်ယာမှာ ဗေဒင်ဟောခန်းဖွင့်ပြီး လူပေါင်းများစွာဆီကနေ ငွေကြေးတွေလိမ်လည် တိမ်းရှောင်နေတာဖြစ်တယ်လို့ ငွေကြေးအလိမ်ခံရသူတွေဆီက သိရပါတယ်။ ဒေါ်နန္ဒမာလာ လိမ်လည်သွားတဲ့ ငွေကြေးစုစုပေါင်းဟာ ကျပ်သိန်းပေါင်း ကိုးသောင်းလောက်ရှိတယ်လို့ မင်္ဂလာဒုံမြို့နယ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်း က ဆိုပါတယ်။

Gabriel
Source : tipsmyanmar









we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။