Official Trailer ထုတ်ပြလိုက်တဲ့ “ည” ရုပ်ရှင်ဇာတ်ကားအကြောင်း

လူငယ်ဒါရိုက်တာ ထူးပိုင်ဇော်ဦး ရိုက်ကူးထားတဲ့ “ည” ရုပ်ရှင်ဇာတ်ကား Official Trailer ကို တရားဝင် Facebook Page မှ ပရိသတ်ရှေ့ကို ထုတ်ပြလိုက်ပြီဖြစ်ပါတယ်…။ ရုပ်ရှင်တစ်ကားအပေါ် စိတ်ဝင်စားမှုအရှိန်ကို မြှင့်ပေးမယ့် Trailer ကို ကြည့်ရှုတဲ့ ပရိသတ်ပေါင်း နှစ်သိန်းကျော်သွားပြီဖြစ်ကာ မှတ်ချက်အမျိုးမျိုးပေးခဲ့ကြပါတယ်…။ လူငယ်ဒါရိုက်တာနဲ့အတူ ပါဝင်တဲ့ သရုပ်ဆောင်သစ်တွေ အားလုံးကိုလည်း ပရိသတ်တွေက အကောင်းဆုံးကို မျှော်လင့်ထားတဲ့အတွက် ပေါကားဟုတ်မဟုတ်က စောင့်ကြည့်ရမှာပါ...။


Trailer နဲ့တင်ပရိသတ်ကို ဆွဲခေါ်သွားနိုင်ပြီးတော့ 2 မိနစ်စာ ဗီဒီယိုအတိုလေးဆိုပေမယ့် မူရင်းဇာတ်လမ်းအကျဉ်းကို ပြသွားနိုင်ပါတယ်…။
သရုပ်ဆောင်အသစ်တွေဆိုတော့ စကားပြောတဲ့အခန်းတွေမှာ လိုအပ်မှုတွေရှိနေသေးပေမယ့် လက်ခံနိုင်လောက်တဲ့ အနေအထားပါ…။
ဇာတ်လမ်းအကျဉ်းကတော့ ....... April Fool နေ့မှာ စကြနောက်ကြရင်း မမျှော်လင့်ပဲ လူသေမှုကြုံခဲ့ရတဲ့ သူငယ်ချင်းတစ်စုအကြောင်းဖြစ်ပြီး၊
လူငယ်တွေရဲ့မရင့်ကျက်မှုတွေ၊ နာကျည်းမှုတွေနဲ့ အမှားတွေကို ဒါရိုက်တာဘယ်လိုပုံဖော်ထားမလဲဆိုတာကတော့ ကျွန်တော်အပါအဝင် ပရိသတ်တွေအားလုံး စောင့်ကြည့်ရမှာပေါ့…။
အဓိကပါဝင်ထားတဲ့ သရုပ်ဆောင်အသစ်တွေကတော့ ချမ်းမင်းရဲထွဋ်၊ အောင်ရဲထိုက်၊ Russell ၊ ငြိမ်းသော်၊ နက်ရှိုင်းကို၊ နန်းထရေစီ၊ မိုးယသော်၊ မေဆူးမောင်၊ နန်းခေးမိုး နဲ့ မြတ်နိုးအေးတို့ပဲဖြစ်ပါတယ်…။


ဒါရိုက်တာ ထူးပိုင်ဇော်ဦးကတော့ ဇာတ်ကားရဲ့ဇာတ်ညွှန်းက ကော်ပီမဟုတ်ကြောင်းနဲ့ ဂျင်းကားမဟုတ်ကြောင်း ပရိသတ်ကို အာမခံထားပါတယ်…။ 
ဒါဆို ဇူလိုင်လကုန်လောက် ရုံတင်မှသာ ရလဒ်ကိုသိရမှာပေါ့…။ ထူးဇော်ပိုင်ဦးကတော့ သီချင်း Music Video တွေ အများကြီးရိုက်ကူးခဲ့ပြီး ပရိသတ်အကြိုက်တွေ့ခဲ့တဲ့ လူငယ်ဒါရိုက်တာတစ်ဦးဖြစ်ပါတယ်…။ သူရိုက်ကူးခဲ့တဲ့ သီချင်း Music Video များစွာထဲက နီနီခင်ဇော်ရဲ့ “သစ္စာမပျက်ကြေး”နဲ့ “လွမ်းခွင့်လေး”၊ ရဲရင့်အောင်ရဲ့ “လွမ်းလွန်းလို့” နဲ့ “မင်းအမေတော့ဆူတော့မှာပဲ” စတဲ့သီချင်းတွေက အအောင်မြင်ဆုံး Music Video တွေပါပဲ…။