နှမချင်းမစာနာကြသူတွေကြောင့် ထပ်ပြီးစိတ်အနှောင့်အယှက်ဖြစ်ရပြန်တဲ့ သန္တာဗိုလ်

သရုပ်ဆောင်၊ မော်ဒယ်လ် သန္တာဗိုလ်တစ်ယောက် ပြီးခဲ့တဲ့ ရက်ပိုင်းက သန့်စင်ခန်းထဲဝင်ရင်း Video ခိုးရိုက်ခံခဲ့ရတာကြောင့် တော်တော့်ကို စိတ်အနှောက်အယှက်ဖြစ်နေရပါတယ်။ အဲဒီအကြောင်းကို သူမရဲ့ လူမှုကွန်ယက်ပေါ်မှာတင်ခဲ့ပြီး တခြားမိန်းကလေးတွေကိုလည်းသတိထားကြဖို့၊ နှမချင်းစာနာကြဖို့ ပြန်လည်ဝေမျှခဲ့ပါတယ်။

အဲ့ဒီပို့စ်အောက်မှာ သန္တာဗိုလ်ကို သနားပြီး ဝိုင်းဝန်းအားပေးကြတဲ့သူတွေရှိပေမယ့် တချို့နှမချင်းမစာမနာဝင်ပြောကြတဲ့ သူအချို့ကြောင့် သန္တာဗိုလ် ဟာအခုအချိန်မှာ အရမ်းကိုစိတ်အနှောက်အယှက်ဖြစ်နေရပါတယ်။ ပထမကိစ္စအကင်းမသေသေးတဲ့အချိန် အခုလိုမျိုးထပ်ဖြစ်ပြန်ပြီဆိုတော့ တော်တော်လည်း စိတ်မကောင်းဖြစ်နေရှာမှာပါ။

အဲ့ဒီလိုလူမျိုးတွေသတိထားဖို့က အနုပညာရှင်တစ်ယောက် ကို Like ထား၊ Follow ထားတဲ့သူတွေထဲမှာ ကိုယ့်သူငယ်ချင်း၊ အပေါင်းအသင်းမိတ်ဆွေတွေ၊ မောင်နှမတွေ၊ လုပ်ဖော်ကိုင်ဖက်တွေပါဝင်နေနိုင်တာဖြစ်လို့ ကိုယ်မန့်လိုက်တဲ့ ကွန်မန့်တစ်ခုဟာ ( အပျော်အပျက်ဖြစ်စေ၊ အတည်ဖြစ်စေ ) ကိုယ်ဘယ်လိုလူမျိုးဆိုတာ Public မှာ ချပြလိုက်တာနဲ့အတူတူပါပဲ။ အဲဒီနေရာမှာ ကိုယ့်ရဲ့ညီမ၊ အစ်မတွေဆိုရင်ရော ဘယ်လိုနေမလဲဆိုတာ ပြန်တွေးဖို့လိုပါတယ်။

သန္တာဗိုလ်ဖြစ်သလိုမျိုးပဲ တေးသံရှင် အန်တီမေရွက်ဝါ ရဲ့ သမီး ဆန်းသစ်လ လည်းအလားတူအဖြစ်မျိုးကို နာမည်ကြီး ဈေးဝယ်စင်တာတစ်ခုမှာကြုံခဲ့ရဖူးပါတယ်။ အဲ့ဒီတော့ မိန်းကလေးတွေအနေနဲ့ သန့်စင်ခန်း သုံးတော့မယ်ဆိုရင် သတိရှိကြပါ၊ အပေါင်းအသင်းနဲ့သွားကြပါ၊ တစ်ခုခုဖြစ်လာခဲ့သည်ရှိရင်လည်း မြန်မြန်ဆန်ဆန် သက်ဆိုင်ရာကို အကြောင်းကြားကြပါလို့ WE Media ကနေ သတိပေးလိုက်ရပါတယ်။

Gabriel

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။