အန္တရာယ်ရှိ အဆိပ်ပြင်းမှို (၅) မျိုးအကြောင်း

မှိုတောက်တယ် တို့ ….၊  မှိုစားပြီးရင် ဘာမစားနဲ့ ညာမစားနဲ့ တို့လူကြီးတွေပြောတာ ကြားဖူးမှာပါ .။ ဒါပေမယ့် မူးတာ အော့အန်တာတွေထက်ဆိုးတဲ့ အဆိပ်ပြင်းတဲ့ မှိုတွေအများကြီးရှိတယ်ဆို ယူတို့ဘာပြောကြမလဲ ?

၁။

နံပါတ်တစ် အဆိပ်အပြင်းဆုံးကတော့ ဥရောပဒေသတွေမှာ အတွေ့ရများတဲ့ Death Cap အမျိုးအစားဖြစ်တယ် ..။

ဒါပေမဲ့ သူ့ပုံစံလေးကို ကောက်ရိုးမှိုနဲ့လည်း တော်တော်များများမှားတတ်ကြသေးတယ်လို့ဆိုတယ် ..။ အဆိပ်ပြင်းရုံသာမက သူ့ရဲ့အဆိပ်ကို လုံး၀ ပျောက်သွားအောင် ..၊ ဒါမှမဟုတ် လျော့နည်းသွားအောင် အခြောက်ခံတာ၊ အေးခဲတာ၊ ရေနွေးထဲထည့်ပြုတ်တာ တွေလည်း လုပ်လို့မရဘူးဆိုပဲ ..။ စားမိရင် တစ်ကိုယ်လုံးပူလောင်လာပြီး အသက်ရှုလမ်းကြောင်းတစ်လျှောက်အချွဲတွေကပ်လာပြီး ချောင်းတွေဆိုးလာတတ်တယ်။
အဲဒါကိုမှ ကုသမှုမရှိဘူးဆိုရင်တော့ သုံးနာရီအတွင်းသေဆုံးနိုင်ခြေရှိတယ်လို့ဆိုပါတယ် ..။


၂။

ဥရောပ နိုင်ငံတွေ နဲ့ မြေထဲပင်လယ်ဒေသနိုင်ငံတွေမှာ ပေါက်ရောက်တဲ့ မှိုမျိုးပါ ..။ တော်တော်များများကတော့ အဲဒီမှိုကို Orellani လို့သိကြတယ် ..။ သူ့ကို စားမိရင်တော့ ကျောက်ကပ်ထိခိုက်ပြီး ဆီးပူလာတာ ..၊ သည်းခြေအိတ်ပျက်စီးတာနဲ့ အူအတွင်း သွေးယိုစိမ့်တာတွေဖြစ်နိုင်တယ် လို့သိရတယ် ..။ လောလောဆယ်တော့ အဲဒီမှိုဆိပ်မိတာကို ကုသနိုင်တဲ့ ဖြေဆေးမရှိပါဘူး ..။
နောက်ပြီး သူ့ကို ရုတ်တရက် ကိုင်မိ၊ ထိမိတာတွေကနေလည်း ယားနာဖုလို၊ အလာဂျစ်လို၊ ဝဲလိုလို အနာတွေဖြစ်တတ်တယ်လို့ ဆိုတယ် ..။

၃။

နာမည် နဲ့လိုက်အောင် ဒုက္ခပေးတတ်တဲ့ မှိုတစ်မျိုးပါ ..။
သူ့ပုံစံလေးက ရုတ်တရက်ကြည့်လိုက်ရင် အဆိပ်ရှိမှန်းမသိသာလောက်အောင် ဖြူဖြူစင်စင်လေးနဲ့ ချစ်စရာကောင်းပါတယ် ..။ ဒါပေမဲ့ သူ့အထဲမှာ အန္တရာယ်ရှိ ဓာတ်ပစ္စည်းတွေ၊ ဆာလဖာ နဲ့ ဆိုင်ယာနိုက်အဆိပ် တွေပါဝင်နေတယ် လို့ သုတေသနပညာရှင်တွေက ဆိုတယ် ..။ သူ့မှာပါဝင်တဲ့ ဆိုင်ယာနိုက် ၂ မီလီဂရမ် ကတင် လူတစ်ယောက်ကို ကောင်းကောင်းဒုက္ခပေးနိုင်တဲ့ အကြောင်းပြချက်ဖြစ်နေပြီ ..။

စားမိရင်တော့ ဝမ်းလျှောတာ၊ ကြွက်သားတွေနာကျင်တာ၊ မတရားအော့အန်တာ နဲ့ အမြင်အာရုံ ဆုံးရှုံးတာတွေဖြစ်နိုင်တယ် ..။ နောက်ပြီး အဲဒီအဆိပ်ဟာ လူတစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်နိုင်တယ်လို့လည်း သိရတယ် ..။ တကယ်လို့များ အချိန်မီကုသနိုင်ခဲ့ရင်တောင် အသည်း နဲ့ ကျောက်ကပ် တစ်သျှုးတွေ ပျက်စီးနိုင်တယ်။ Destroying Angel အဆိပ်မိခဲ့ရင် ကုသဖို့အကောင်းဆုံးနည်းလမ်းကတော့ အသည်းအစားထိုးလဲလှယ်တာပဲ။ 

၄။

ဒီမှိုနဲ့ ပတ်သက်ပြီး ဘုရားသခင်ကို ပထမဆုံးကျေးဇူးတင်ရမယ့်အချက်ကတော့ လူသူအရောက်နည်းတဲ့ အမေဇုန် မိုးသစ်တောထဲမှာပေါက်တာမို့လို့ပဲ ..။

ဒါပေမဲ့ သူ့ရဲ့ပုံစံက လူတစ်ကာမစားရဲလောက်အောင် အဆိပ်ရှိတဲ့ ပုံစံမျိုးမဟုတ်လေတော့ ခက်ပါရဲ့ ..။ နောက်ပြီး ဥယျာဉ်ခြံတွေ၊ ပေါင်းပင်တွေကြားအလေ့ကျပေါက်တဲ့ Magic Mushroom ဆိုတဲ့ မှိုတစ်မျိုးနဲ့ ဆင်တူပါတယ် ..။ စားမိရင် သေဆုံးတာမျိုးတော့ မရှိသေးပေမယ့် နာရီအတော်ကြာအောင် မူးဝေတာ၊ တစ်ကိုယ်လုံးအရေပြားတွေ ခြေဖဝါးလက်ဖဝါးတွေယားယံတာ၊ အဖုအပိမ့်တွေ ထွက်တာတွေဖြစ်နိုင်တယ် လို့သိရတယ် ..။

၅။

ဂျပန်နိုင်ငံနဲ့ အာရှနိုင်ငံတွေတော်တော်များများမှာပေါက်ရောက်တဲ့ မှိုမျိုးပါ ..။
ဒါပေမယ့် ဂျပန်နိုင်ငံက မျိုးစိတ်တွေကတော့ သုံးလက်မလောက်အထိ ကြီးထွားကြတယ် ..။ သူ့ပုံစံကတော့ ဘယ်လိုပဲကြည့်ကြည့် အဆိပ်ရှိမှန်းသိသာတာကြောင့် ဘယ်သူမှ သူ့ကိုအဖက်လုပ်ပြီး စားဖို့စိတ်မကူးကြဘူး ..။ လေ့လာချက်တွေအရတော့ သူ့ရဲ့အဆိပ်ဟာ ကျောက်ကပ်၊ အသည်း၊ ဦးနှောက် နဲ့ ခန္ဓာကိုယ်အရေပြားတွေကိုပါ ဆိုးဆိုးရွားရွားသက်ရောက်မှုရှိတယ် လို့သိရတယ် ..။ ကုသမှုမရှိရင်တော့ ရက်အနည်းငယ်အတွင်း သေဆုံး ( ဒါမှမဟုတ် ) ကိုယ်လက်အင်္ဂါတွေက အကြောတွေသေသွားတာ၊ တုံ့ဆိုင်းသွားတာမျိုးတွေဖြစ်တတ်တယ် လို့ဆိုတယ် ..။

နောက်ပြီး သွေးနီဥအရေအတွက်ထိုးကျသွားစေနိုင်တာမျိုး ..၊ ဆံပင်တွေကျွတ်ကျတာမျိုးပါ ဖြစ်နိုင်တဲ့အတွက် အဲဒီအဆိပ်ကို ခံစားရတဲ့သူတွေအဖို့ မှိုဆိပ်မိတာနဲ့ မတူဘဲ ရေဒီယို သတ္တိကြွဓာတ်ရောင်ခြည်သင့်တာ ..၊ ဒါမှမဟုတ် .. ကင်ဆာရောဂါသည် နဲ့ ပိုပြီးတူနိုင်တယ်လို့လည်းသိရပါတယ် ..။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။