ဗဟိုဘဏ်ဝန်ထမ်းအိမ်ရာမှာ အနုကြမ်းဝင်စီးခဲ့သော ဘုန်းကြီးကို ပြည်မြို့တွင်ဖမ်းဆီးရမိ

ဒီဇင်ဘာ (၈)ရက် နံနက်က ဇမ္ဗူသီရိမြို့နယ်၊ ပညာသိဒ္ဓိရပ်ကွက်၊ တိုက်(၁၉)၊ အခန်း (၂၂)အတွင်း ဝင်ရောက်၍ ငွေသား (၃)သိန်းကျော်ယူကာ ထွက်ပြေးနေတဲ့ ဘုန်းကြီးကို ပြည်ခရိုင်၊ ဝက်ထီးကန်မြို့နယ်မှာ ဖမ်းဆီးရမိခဲ့ကြောင်း အမှတ်(၅) စခန်းမှူးက အတည်ပြုပြောကြားခဲ့ပါတယ်။

နေပြည်တော်တိုင်းမှူးမှတဆင့် ပြည်မြို့၊ ဝက်ထီးကန်စခန်းသို့ဓာတ်ပုံအထောက်အထားများနှင့် အချက်အလက်များပေးပို့ကာ ဆက်သွယ်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရဲအုပ်ဇော်မင်းကဆိုသည်။ “ တရားခံက ဟိုမှာဝန်ခံသွားပြီ။ မိပြီလို့ပဲပြောလို့ရမယ်။ ဖမ်းပုံ ဖမ်းနည်းကတော့ ပြောလို့မရဘူး ” လို့ ပြောပါတယ်။

ပြစ်မှူကျူးလွန်သူကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ (၃၈၆)ဖြင့် အမှုဖွင့်လှစ်ထားပြီး ရမန်ရယူ၍ တရားစွဲဆိုနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း စခန်းမှူးကပြောပါတယ်။ 

Crd;

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။