မြန်မာငွေစက္ကူတွေ ထုတ်လုပ်တဲ့ ဝါဇီစက်ရုံအကြောင်း

၁။ မကွေးတိုင်း၊ ချောက်မြို့နယ်ထဲက ဆိပ်ဖြူနားမှ ဝါဇီ လုံခြုံ ရေးနှင့်ဆိုင်သော ပုံနှိပ်ပစ္စည်းများစက်ရုံမှာ လေ့လာ သိရှိရသလောက်က ငွေစက္ကူ၊ ထီလက်မှတ်၊ စာချုပ်စာတမ်း၊ တံဆိပ်ခေါင်း ပြေစာ၊ စာမေးပွဲမေးခွန်းလွှာ လွှဲပြောင်း/ လက်ခံပြေစာ၊ ငွေစာရင်းစာအုပ် ကန့်သတ် စတဲ့ လုံခြုံရေးနဲ့သက်ဆိုင်သောစာရွက်စာတမ်းတွေ ထုတ်လုပ်ပါတယ်။

၂။ စက်ရုံဝန်ထမ်းနဲ့ အင်ဂျင်နီယာ ပညာရှင်တွေအားလုံး တပ်မတော်မှ အရာရှိ/စစ်သည်နှင့် မိသားစုဝင်တွေဖြစ်လို့ လုံခြုံရေး တပါတည်းစီစဉ်ထားရှိပါတယ်။

၃။ စက်ရုံမှာရှိတဲ့ စက်ပစ္စည်းတွေကိုတော့ (၁၉၇၂)ခုနှစ်မှာ ဂျာမနီနိုင်ငံကမှာ ယူပြီး ပညာရှင် တွေ လာရောက်တပ်ဆင်ပေးခဲ့တာပါ။

၄။ ယခင်က ကပစ(၇)ဖြစ်ပြီး (၁၉၈၉)နှစ်ခန့်မှာ ကကလုံ လက်အောက်ရောက်ခဲ့တာပါ။

၅။ အကယ်၍ စက်ရုံကို အရပ်ဖက်အစိုးရကိုလွှဲပေးခဲ့ရင် တပ်မတော်နဲ့ သက်ဆိုင်တဲ့ လျှို့ဝှက်စာရွက်စာတမ်းတွေ ထုတ်မဲ့စက်နဲ့ ပညာရှင်စစ်သည်အချို့ ခေါ်ထားပြီး ငွေထုတ်စက်နဲ့ ပညာရှင် အရာရှိ/စစ်သည် အချို့ကို ပင်စင်ပေးပြီး အရပ်ဖက် ဝန်ထမ်းအဖြစ် ပြန်ခန့်ပေးရမှာပါ။

၆။ စက်ရုံရဲ့ လုံခြုံရေးကို အစိုးရက ပြန်လည်ခန့်ထားရမှာပါ။ စက်ရုံနဲ့ အဆောက်အဦ မြေနေရာတွေကတော့ တပ်ပိုင်နယ်မြေဖြစ်နိုင်တာမို့ စက်ရုံအသစ်ပြန်ဆောက်ရနိုင်ပါတယ်။ စက်တွေက အထိုင်ချထားပြီးသားဖြစ်လို့ စက်ပြန် တပ်ဆင်ရင် ဂျာမဏီက ပညာရှင်တွေ ပြန်ဌားရနိုင်ပါတယ်။ ဒါပေမဲ့ စက်တွေက အရမ်းဟောင်းနေလို့ ပညာရှင်တွေ လက်ခံပြီးလာတပ်ဆင်ဖို့တော့ မသေချာပါဘူး။

၇။ အိမ်နီးချင်းနိုင်ငံတွေ ငွေထုတ်စက်ကို ဘယ်လိုစနစ်နဲ့ ကိုင်တွယ်နေတယ်ဆိုတာတော့ ပြန်လေ့လာရဦးမှာပါ။

၈။ တပ်မတော်မှ အရပ်သားအစိုးရကို လွှဲပေးခြင်း/မပေးခြင်းကို မသုံးသပ်လိုပါ။ ဉာဏ်လဲမမှီပါ။ လက်ရှိအစိုးရနဲ့တပ်မတော် ဘယ်လို ညှိနှိုင်း သဘောတူထားတယ်ဆိုတာလဲမသိပါ။ အစိုးရအဖွဲ့သည် သူငယ်နှပ်စား မဟုတ်တဲ့အတွက် ဒီအချက်ကို အစထဲက ထည့်သွင်းစဉ်းစား ထားခဲ့မှာ အမှန်ပါ။ ဒါကြောင့် ဇစ်မြစ်ကို သေချာမသိဘဲနှင့် အရမ်းမဝေဘန်ကြပါနဲ့လို့ စေတနာနှင့် တင်ပြပါရစေ။ 

Crd;  အောင်စည်

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။