Huawei ပိုင်ရှင်ရဲ့ ဒုတိယမြောက် သမီးလေးဖြစ်သူ Annabel Yao

ပြီးခဲ့တဲ့ အပတ်က Huawei ပိုင်ရှင်ရဲ့ သမီးကြီးဖြစ်သူ မန်ဝမ်ကျို့ ဟာ အမေရိကန်နိုင်ငံရဲ့ ထိပ်တန်းနည်းပညာသတင်းတွေကို နိုင်ငံခြားကို ရောင်းစားခဲ့မှုနဲ့ပတ်သက်ပြီး ကနေဒါက ဖမ်းဆီးခံရပြီးတဲ့ နောက်မှာတော့ Huawei ပိုင်ရှင် ရဲ့ ဒုတိယမြောက်သမီးလေးဖြစ်သူ အန်နာဘဲလ် ရဲ့ အကြောင်းဟာရုတ်တရက်ပဲ နာမည်ကြီးလာပါတော့တယ်။

Huawei ရဲ့ ပိုင်ရှင်ဖြစ်သူ ယန်ကျန်းဖေ့ ( Ren Zhengfei ) မှာ သားသမီးတွေအများကြီးရှိတယ်လို့ဆိုပါတယ်။ သူဟာ အိမ်ထောင်တွေအများကြီးရှိခဲ့သူဖြစ်ပြီး ပထမအိမ်ထောင်က မန်ဂျန် ဆိုတဲ့အမျိုးသမီးဖြစ်သလို၊ ကနေဒါမှာအဖမ်းခံလိုက်ရတဲ့ ဝမ်မန်ကျို့ ရဲ့ မိခင်လည်းဖြစ်ပါတယ်။

အန်နာဘဲလ် ကတော့ ကျန်း ရဲ့ ဒုတိယအိမ်ထောင်ဖြစ်တဲ့ ယောင်လင်း ဆိုသူအမျိုးသမီးနဲ့ရရှိထားတဲ့ ကလေးဖြစ်ပြီး ကျန်း မှာ တတိယအိမ်ထောင်လည်းရှိသေးတယ်လို့သိရပါတယ်။
သားသမီးတွေတိုင်းဟာ ယန်ကျန်းဖေ့ ရဲ့ မျိုးရိုးဖြစ်တဲ့ ယန် ကို မယူပဲ မိခင်ဘက်က မျိုးရိုးနာမည်ကိုပဲယူကြတယ်။ အကြောင်းကတော့ အိမ်ထောင်ဆက်တွေများလွန်းတာကြောင့်ပါ။ ပထမအိမ်ထောင်နဲ့ရတဲ့ ဝမ်မန်ကျို့ နဲ့ ဝမ်မန်ပိုင် တို့က ဟွာဝေးကုမ္ပဏီ မှာ ရာထူးတွေနဲ့အလုပ်လုပ်ကိုင်နေကြပေမယ့် အန်နာဘဲလ် ကတော့ အင်္ဂလန်မှာပဲ အေးအေးလူလူနေထိုင်ပြီး တစ်ခါတစ်လေမှ ဟောင်ကောင်ကိုပြန်လာတတ်ပါတယ်။

အန်နာဘဲလ် ဟာ ဟားဗဒ်တက္ကသိုလ်မှာ ပညာသင်ကြားနေတာဖြစ်ပြီး ဘဲလေးကချေသည်တစ်ယောက်လည်းဖြစ်ပါတယ်။ သူမကို ဟွာဝေးပိုင်ရှင်ရဲ့ သမီးမှန်းလူတွေမသိကြပေမယ့် စမတ်ကျတဲ့ပုံစံ၊ အထက်တန်းဆန်တဲ့နေထိုင်ပုံတွေနဲ့ တန်ဖိုးကြီးပစ္စည်းတွေကိုသာ အသုံးပြုတတ်တဲ့ အင်စတာဂရမ် ပုံတွေကြောင့် သာမန်လူတန်းစားမဟုတ်ဘူး ဆိုတာကို လူတွေကသတိပြုမိတာဖြစ်ပါတယ်။

ဒါပေမယ့် အန်နာဘဲလ် ဟာ သူမဘယ်သူ၊ ဘယ်ဝါဆိုတာကို ထုတ်ဖော်ပြောကြားလေ့မရှိသလို၊ သာမန်မိန်းကလေးတစ်ယောက်လိုပဲနေထိုင်ပါတယ်။ လက်ရှိမှာ ဘေလ်ဂိတ် ရဲ့ Microsoft ကုမ္ပဏီမှာ အလုပ်လုပ်ကိုင်နေတာဖြစ်ပြီး နည်းပညာနဲ့ပတ်သက်လို့စီးပွားရေးတစ်ခုကိုလည်း စတင်ဖို့ရှိနေတယ်လို့သိရပါတယ်။

Gabriel

Source : chinadaily

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။