ပုဒ်မ - ၁၉ ( က ) နဲ့ ထောင်ဒဏ် ( ၁၇ ) နှစ်ချမှတ်ခံလိုက်ရပြီဖြစ်တဲ့ မိုးအောင်ရင်

သရုပ်ဆောင်မိုးအောင်ရင် နဲ့ အပေါင်းပါ သုံးဦးကို ဒီဇင်ဘာ ၁၂ ရက် ( ဒီနေ့ ) မှာ အသီးသီးအမိန့်တွေချမှတ်လိုက်ပြီလို့သိရပါတယ်။

သရုပ်ဆောင် မိုးအောင်ရင် ကို မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိမှု ပုဒ်မ-၁၉ ( က ) နဲ့ထောင်ဒဏ် ( ၁၂ ) နှစ်ချမှတ်လိုက်တာဖြစ်ပြီး ကျန်နှစ်ယောက်ကိုတော့ ထောင်ဒဏ် ( ၃ ) နှစ်စီ ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက အသီးသီးချမှတ်ခဲ့တာဖြစ်ပါတယ်။

မိုးအောင်ရင် ဟာ ပုဇွန်တောင်မြို့နယ်က သူ့ရဲ့နေအိမ်မှာ မူးယစ်ဆေးဝါးတွေနဲ့အတူဖမ်းဆီးရမိတာဖြစ်တဲ့အတွက် ၂၀၁၈ နိုဝင်ဘာ ၂၅ မှာ မူးယစ်ဆေးဝါးနဲ့စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဥပဒေ နဲ့ ထောင် ( ၅ ) နှစ်ချမှတ်ခဲ့တာဖြစ်ပြီး အခု ( ၁၂ ) နှစ် နဲ့စုစုပေါင်း ထောင်ဒဏ် ( ၁၇ ) နှစ်ကျခံရတော့မှာဖြစ်ပါတယ်။

Gabriel



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။