ငယ်သူငယ်ချင်းကြီးကို ကိုယ့်ယောင်္ကျားနဲ့အတူ ကုတင်ပေါ်မှာတွေ့လိုက်တဲ့အခါ 

သူငယ်ချင်းနဲ့ ကိုယ့်ချစ်သူ၊ သူငယ်ချင်းနဲ့ ကိုယ့်ယောင်္ကျား အဲ့လိုဖောက်ပြန်တဲ့ကိစ္စတွေက တော်တော်လေး ကြားရလွန်းလို့ ရိုးသလိုတောင် ဖြစ်နေပါပြီ။ အခုလည်း လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ဖောက်ပြန်တဲ့ Video ကြောင့် ကြည့်ရှု့သူတွေကို ဒေါသထွက်စေခဲ့ကြပါတယ်။

ခရီးဝေးတစ်နေရာမှ ပြန်လာတဲ့ အမျိုးသမီးတစ်ဦးဟာ ပြန်ရောက်ရောက်ခြင်း ယောင်္ကျားဆီကိုတောင် အရင်မသွားဘဲ အချစ်ဆုံး ငယ်သူငယ်ချင်းဆီ Surprise လုပ်မယ်ဆိုပြီး သူငယ်ချင်းဖြစ်သူအိမ်ကို သွားခဲ့ပါတယ်။ ဖြစ်ချင်တော့ သူမပြန်ရောက်တဲ့နေ့ဟာ သူမသူငယ်ချင်းမွေးနေ့ရက်လည်းဖြစ်ပါတယ်။ ဒါကြောင့် သူမဟာ သူငယ်ချင်းအတွက် မွေးနေ့ကိတ်ရယ်၊ လက်ဆောင်တွေရယ်ကို သယ်ဆောင်သွားပြီး အပျော်တွေ တပွေ့တပိုက်နဲ့ သွားခဲ့တာပေ့ါလေ။ ဒါပေမယ့် သူမထင်ထားသလို ပျော်ရွင်စရာ Surprise တစ်ခုမဟုတ်ခဲ့ဘဲ အပျက်ပျက်နဲ့ နှာခေါင်းထွက်ခဲ့ကြတဲ့နေ့ ဖြစ်သွားခဲ့ပါတယ်။

မွေးနေ့ကိတ်လေးနဲ့ သူမဟာ သူငယ်ချင်းအိမ်ကိုလည်းရောက်ရော ယောင်္ကျားဖြစ်သူနဲ့အတူ အိပ်ရာပေါ်မှာ ဖက်အိပ်နေတာကို တွေ့လိုက်ရပါတယ်။ သူမအကြီးကျယ်ဒေါသတွေထွက်ပြီး နှစ်ယောက်လုံးကို အော်မေးလိုက်ပါတယ်။ “ နင်တို့တွေ ဘာလုပ်နေတာလဲပေါ့ ” အဲ့လိုမေးလိုက်တော့ သူမသူငယ်ချင်းဖြစ်သူက “ နင့် ယောင်္ကျားက ငါ့ကိုခေါ်တာ သူ့မေးကြည့်ပါလား ” လို့ သူငယ်ချင်းကပြောပါတယ်။ 

လက်ပူးလက်ကြပ်မိတာကြောင့် ယောင်္ကျားလည်း ငြင်းမနေတော့ဘဲ သူမမရှိတုန်း သူတို့နှစ်ယောက် အတူနေခဲ့ကြောင်း ဝန်ခံလိုက်ပါတယ်။ ဒီအဖြစ်ကြောင့် သူငယ်ချင်းအရင်းကြီးနဲ့ ကိုယ့်ချစ်သူ (သို့) ကိုယ့်ယောင်္ကျားကို မမိတ်ဆက်ပေးရဘူးလို့လည်း မဆိုလိုပါဘူး။ စည်းစောင့်တဲ့လူက စောင့်ပါတယ်။ 

ယနေ့မျက်မှောက်ခေတ်မှာ လူငယ်တွေဟာ မျက်စိကန်းနေကြတယ်လို့ ပညာရှင်တွေ သုံးသပ်သလိုဘဲ ကိုယ်လုပ်ချင်တာ ဖြစ်ချင်တာတစ်ခုတည်းကို မကြည့်ဘဲ အကောင်းအဆိုးကို ဝေဖန်ပိုင်းခြားနိုင်စေရန်နဲ့ တစ်လင်တစ်မယားစနစ်ကိုသာ ကျင့်သုံးတာ အကောင်းဆုံးလို့ မှတ်ချက်ပြုချင်ပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။