Huawei ပိုင်ရှင်ရဲ့ သမီးအကြီးကို ကနေဒါဖမ်းတဲ့အတွက် ကနေဒါသံအမတ်ဟောင်းကို တရုတ်ပြန်ဖမ်းဆီး

တရုတ်နိုင်ငံဆိုင်ရာ ကနေဒီယံ သံအမတ်ဟောင်းတစ်ဦးဖြစ်သူ မိုက်ကယ်ကိုးဗ်ရစ်ချ် ဟာ တရုတ်နိုင်ငံမှာ အဖမ်းခံလိုက်ရပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ နိုင်ငံတကာ ပဋိပက္ခဖြေရှင်းရေးအဖွဲ့က စိတ်ပူနေကြပြီး တရုတ်နိုင်ငံရဲ့ အဆင်အခြင်မရှိ၊ အမေးအမြန်းမရှိပဲ ဖမ်းဆီးခဲ့တဲ့လုပ်ရပ်အပေါ် ဝေဖန်ခဲ့ကြတယ်။

ကိုးဗ်ရစ်ဂျ် ဟာပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့က ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဖမ်းဆီးရတဲ့အကြောင်းရင်းကတော့ တရုတ်နိုင်ငံရဲ့ အမိမြေလုံခြုံရေးမူဝါဒ ကိုထိပါးစေနိုင်တဲ့လုပ်ရပ်တွေကြောင့်လို့သိရပါတယ်။ ဒါပေမယ့် အသေးစိတ်ကိုတော့ ဘေဂျင်းဘက်က ထုတ်ပြန်ခြင်းမရှိပါဘူး။

ကိုးဗ်ရစ်ဂျ် အဖမ်းခံရတဲ့ကိစ္စဟာ အမေရိကန်တောင်းဆိုမှုနဲ့ဟွာဝေးအကြီးတန်းအမှုဆောင်အရာရှိဖြစ်သူ မန်ဝမ်ကျို့ ကိုကနေဒါက ဖမ်းဆီးတဲ့အမှုနဲ့တိုက်ရိုက်ပတ်သက်နေနိုင်တယ်လို့ နိုင်ငံတကာပဋိပက္ခဖြေရှင်းရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ စိန့်ဂျက်စ် က ပြောပါတယ်။ ကိုးဗ်ရစ်ဂျ် ဖမ်းဆီးခံရတဲ့အချိန် ဟာ မန်ဝမ်ကျို့ အဖမ်းခံရချိန်နဲ့ဆို ( ၁၀ ) ရက်ပဲခြားပါတယ်။ အဲဒီအကြောင်းကြောင့်လဲ နိုင်ငံတကာအသိုင်းအဝိုင်းက တရုတ်ရဲ့လုပ်ရပ်ဟာ ကြွက်မနိုင်ကျီမီးနဲ့ရှို့ ဆိုတဲ့အတိုင်းဖြစ်နေပြီလို့ဝေဖန်ကြပါတယ်။

ကိုးဗ်ရစ်ဂျ် ဟာ တရုတ်နိုင်ငံနဲ့ပတ်သက်ပြီး နိုင်ငံတလွှားခရီးသွားလာတာတွေ၊ ဒေသခံတွေနဲ့ဆွေးနွေးပြီး သူတို့အမြင်တွေ၊ ခံစားချက်တွေကိုနားထောင်တာတွေ၊ တရုတ်နိုင်ငံရဲ့ ယဉ်ကျေးမှုထုံးစံ၊ နိုင်ငံရေး၊ စီးပွားရေး နဲ့ပတ်သက်တဲ့အကြောင်းတွေကို အမြဲမပြတ် တင်ပြနေသူလည်းဖြစ်ပါတယ်။

Gabriel
Source : globalnews.ca


we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။