Supporting နည်းပေမဲ့ နိုင်ငံဂုဏ်ဆောင်တစ်ယောက်ဖြစ်ခဲ့တဲ့ ဟန်တီ

ဒီဇင်ဘာ ၈ ရက်နေ့ မှာ ကြီးမားခမ်းနားစွာနဲ့ တရုတ်နိုင်ငံ Sanya မြိူ့မှာ ကျင်းပပြုလုပ်ခဲ့တဲ့
Miss World 2018 Grand Final  ပွဲကြီးကို မြန်မာနိုင်ငံရဲ့ အလှမယ်တစ်ယောက်ဖြစ်တဲ့ ဟန်တီ က သွားရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲအတွက် ဟန်တီက အများကြီး ကြိုးစားခဲ့ရပြီး Activityပေါင်းများစွာChallengeပေါင်းများစွာကိုဝင်ရောက်ယှဉ်ပြိုင်ခဲ့ရပါတယ်။ ဒီပြိုင်ပွဲကလည်း သူမရဲ့ပရိသတ်တွေများစွာ supporting သိပ်မပေးနိုင်ခဲ့ပေမဲ့ မြန်မာဆိုတာ ကို သိအောင် အကောင်းဆုံး ကြိုးစားခဲ့ရတာဖြစ်ပါတယ်။



အလှမယ် ဟန်တီက ဒီပွဲမှာ အကောင်းဆုံးအနေနဲ့  Head to Head 1st Round Challenge မှာ  Top 11 ထိဝင်ရောက်နိင်ခဲ့ပြီး
Multimedia Award Top  3
Beauty with a purpose project Top 25
Miss World 2018 - Myanmar - Top - 40 ဆု ရရှိခဲ့ပါတယ်။
မြန်မာပြည်ကို ဂုဏ်ဆောင်နိုင်ခဲ့တဲ့ အလှမယ် ဟန်တီက ဒီကနေ့ ဒီဇင်ဘာလ (၁၂) ရက်နေ့မှာ ရန်ကုန်သို့ ပြန်လည်ရောက်ရှိခဲ့ပါပြီ


ဟန်တီက 2014 ခုနှစ်ကတည်းက Polandနိင်ငံမှာအောင်မြင်မှုတွေအများကြီးရရှိခဲ့ပြီးအရည်ချင်းရှိတဲ့ အလှမယ်တစ်ယောက်ဖြစ်ခဲ့ပါတယ်။


ခုလို အောင်မြင်မှုတွေသိမ်းပိုက်ပြီး ပြန်လာခဲတဲဟန်တီအတွက် ဂုဏ်ယူပါတယ်။
Sources _ Miss World 2018 / Miss Myanmar

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။