အလှမယ်သင်းသင်းဆီကနေ အလှမယ်ဘွဲ့ နဲ့ သရဖူကို ပြန်လည်သိမ်းယူ

MMPA ရဲ့ ထုတ်ပြန်ချက်အတိုင်းပဲ ပြန်လည်ရေးသားတင်ပြလိုက်ပါတယ်။

MMPA Organization တွင် ဝင်ရောက်ယှဉ်ပြိုင်ထားသော အလှမယ်သင်းသင်းသည် Ms Tourism Ambassador ဆုကို ရရှိထားပါသည်။
ထိုသို့ရရှိပြီးသည်နှင့် တပြိုင်နက် အလှမယ်များလိုက်နာရမည့် စည်းကမ်းများကို စာချုပ်ချုပ်လက်မှတ်ရေးထိုးထားရပါသည်။

ယခုအခါ အလှမယ်သင်းသင်းသည် စည်းကမ်းချက် အပိုဒ် ( ၅ ) နှင့် အပိုဒ် ( ၇ ) ပါ စည်းကမ်းချက်များကိုဖောက်ဖျက်သည်ဟု ရုံးအဖွဲ့နှင့် နာယကအဖွဲ့မှ သုံးသပ်သဖြင့် စာချုပ်ပါစည်းကမ်းအတိုင်း အောက်ပါအတိုင်းဆုံးဖြတ်ချက်ချမှတ်လိုက်ပါသည်။

ဆုံးဖြတ်ချက်

အလှမယ်သင်းသင်းအား လက်ရှိပေးအပ်ထားသော အလှမယ်ဘွဲ့နှင့် သရဖူကိူပြန်လည်သိမ်းယူပြီး မိမိတို့ Organization မှ ထုတ်ပယ်လိုက်သည်။
ထို့ကြောင့် မိမိတို့နှင့်သူမသည် လုံး၀ ( လုံး၀ ) သက်ဆိုင်ခြင်းမရှိတော့သဖြင့် မိမိတို့အမည်အသုံးပြုခြင်းကို လုံးဝခွင့်မပြုကြောင်း ဆုံးဖြတ်ပါသည်။

Gabriel
Source : MMPA

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။