လူငယ်တွေအနေနဲ့ စပြီးလုပ်ကြည့်သင့်တဲ့ ကိုယ်ပိုင်လုပ်ငန်း (၅) ခု...။

     တစ်နေ့တစ်နေ့ ရုံးကကွန်ပျူတာစားပွဲပေါ်မှာပဲ အချိန်ကုန်ပြီး ရုံးအလုပ်တွေလုပ်နေရတာကို စိတ်ညစ်နေပြီလား…။ စိတ်ပေါ့ပေါ့ပါးပါးလေးနဲ့ ပျော်ပျော်ရွှင်ရွှင်လုပ်လို့ရမယ့် ကိုယ်ပိုင်လုပ်ငန်းမျိုးလေးတွေကိုရော သင်စိတ်ဝင်စားရဲ့လား…။ လူငယ်တွေအနေနဲ့ စတင်ပြီးလုပ်ကြည့်သင့်တဲ့၊ သင့်စိတ်ကိုပျော်ရွှင်စေပြီး အောင်မြင်မှုလည်းရရှိစေမယ့် ကိုယ်ပိုင်လုပ်ငန်းမျိုးလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်…။

၁. Florist

     ဒါကတော့ အသက်ငယ်ငယ် မိန်းကလေးတွေ၊ ကိုယ်ပိုင်စီးပွားရေး စလုပ်တော့မယ့်သူတွေနဲ့ လိုက်ဖက်တဲ့ လုပ်ငန်းတစ်ခုပါပဲ…။
အခုနောက်ပိုင်းမှာ ပန်းစည်းလေးတွေလက်ဆောင်ပေးတဲ့ အရောင်းဆိုင်တို့၊ လက်ဆောင်ပစ္စည်းဆိုင်တို့ကလည်း စီးပွားရေးဘက်မှာ တွင်တွင်ကျယ်ကျယ်ဖြစ်လို့လာပါပြီ…။ မိန်းကလေးတစ်ယောက်အတွက် တစ်နေ့တာလုံးမှာ လှပတဲ့အရာလေးတွေနဲ့ သူများပျော်ရွှင်အောင်လုပ်ပေးရတဲ့ လုပ်ငန်းလေးဖြစ်လို့ စိတ်ဖိစီးမှုလည်းအရမ်းများမနေပဲ သင့်အတွက်အောင်မြင်နိုင်မယ့် လုပ်ငန်းလေးတစ်ခုပဲဖြစ်ပါတယ်…။

၂. Food Blogger

     ဒါကတော့ Social Media နဲ့လည်းသက်ဆိုင်နေတဲ့ လုပ်ငန်းတစ်ခုပါပဲ…။ အထူးသဖြင့် Facebook စာမျက်နှာမှာပေါ့…။ ကိုယ်သွားစားခဲ့တဲ့ဆိုင်က အစားအသောက်တွေကို ဓာတ်ပုံလေးတွေရိုက်ပြီး Review အနေနဲ့ရေးပေးရတာမျိုးပါ…။ နောက်ပိုင်းမှာတော့ ဆိုင်တွေက ကြော်ငြာသဘောမျိုးနဲ့ခေါ်ယူတာမျိုးလည်း ရှိနိုင်ပါတယ်…။

၃. Baker

     လက်ရှိမှာတော့ Baker တွေတော်တော်များများပေါ်လာပါပြီ…။ Baker သင်တန်းတွေလည်းများလာပြီး ကိတ်မုန့်လေးတွေလုပ်ပြီး ရောင်းလို့ရပါတယ်…။ မွေးနေ့ပွဲတွေ၊ မင်္ဂလာဆောင်အခမ်းအနားတွေမှာလည်း ကိတ်မုန့်လေးမှာကြပြီး ချစ်သူရည်းစားတွေကလည်း အထိမ်းအမှတ်ပွဲတွေမှာ ကိတ်မုန့်လေးတွေနဲ့ ပျော်ပွဲလေးတွေလုပ်ပေးကြပါတယ်…။

နောက်ပိုင်းမှာ ကိုယ်ပိုင်စီးပွားရေးအနေနဲ့ Cafe' တစ်ခုလည်းဖွင့်လို့ရတဲ့ အခြေအနေမျိုးပါ…။ အခုခေတ်လူငယ်တွေလည်း ကိုယ်ပိုင်စီးပွားရေးစလုပ်တဲ့အခါမျိုးမှာ ဒီလိုမျိုး Baker လုပ်ငန်းကိုစတင်လုပ်လာကြတာကို တွေ့ရပါတယ်…။

၄. Photographer

      လူငယ်တွေအတွက် အောင်မြင်မှုအခွင့်အလမ်းတွေအများကြီးရှိတဲ့ လုပ်ငန်းတစ်ခုဆိုလည်း မမှားပါဘူး…။
အခုနောက်ပိုင်းမှာ လူငယ်တော်တော်များများကလည်း မော်ဒယ်မဟုတ်ပေမယ့် အမှတ်တရအနေနဲ့ ဓာတ်ပုံလေးတွေ ရိုက်လာကြပါတယ်…။ မွေးနေ့တွေ၊ Anniversary တွေ၊ ဘွဲ့ယူတဲ့အခါမျိုးတွေမှာ အမှတ်တရတွေအနေနဲ့ တော်တော်များများက ဓာတ်ပုံစရာတွေခေါ်ပြီး ရိုက်လာကြပါတယ်…။

ဒီတော့ အပျော်တမ်းအနေနဲ့ အခုမှစလုပ်ပြီးလက်ရာကောင်းတဲ့ သူတွေကိုပဲခေါ်ရိုက်ကြတာများပါတယ်…။
အရင်လိုမျိုး Studio ကြီးတွေမှာ နာမည်ကြီးဓာတ်ပုံဆရာတွေနဲ့ရိုက်တဲ့ ခေတ်မျိုးမဟုတ်တော့ပါဘူး…။
အခုခေတ်မှာ လူငယ်တွေကလည်းပေါ့ပေါ့ပါးပါးပဲ ရိုက်ကြတာမို့ Photographer လုပ်ငန်းကလည်း ကြိုးစားသလောက် အောင်မြင်မှုတွေရရှိမှာ အသေချာပါပဲ…။

၅. Personal Shopper

     ဒါကတော့ အခု Online မှာ ခေတ်စားနေတဲ့ လုပ်ငန်းလေးတစ်ခုပါပဲ…။
အဝတ်အစားတွေ၊ မိတ်ကပ်အသုံးအဆောင်တွေ၊ တစ်ခြားပစ္စည်းတွေတော်တော်များများကို တစ်ဆင့်ဝယ်ယူပေးတဲ့ သူတွေပဲဖြစ်ပါတယ်…။

ဥပမာ. မြန်မာနိုင်ငံမှာမရနိုင်တဲ့ ပစ္စည်းတွေကို နိုင်ငံခြားကနေတစ်ဆင့် ဝယ်ယူပေးတဲ့သူမျိုးပါ…။ ဒီလုပ်ငန်းကလည်း အောင်မြင်နိုင်တဲ့ အလားအလာရှိတဲ့အလုပ်မျိုးပါပဲ…။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။