ခေါင်းလျှော်ပြီး Dryer မှုတ်နေရာမှ မိန်းကလေးတစ်ဦး ရုတ်တရက်သေဆုံး

Dryer ဆိုတဲ့ ပူပေးစက်ဟာ အမျိုးသားတွေ တော်တော်လေးကို အသုံးနည်းပြီး အမျိုးသမီးတွေ အဓိက အသုံးပြုတဲ့ ပစ္စည်းပါ။ ခေါင်းလျှော်ပြီးတဲ့ Dryer ကို အသုံးပြုတဲ့အခါ တချို့တွေက တစ်ခါတလေ အမှုမဲ့အမှတ်မဲ့ အသုံးပြုတတ်ကြပါတယ်။ လျှပ်စစ်ပစ္စည်းဖြစ်တာကြောင့် ရေစိုနေတဲ့ လက်၊ ရေစိုနေတဲ့ ဆံပင်နဲ့ အရမ်းကို ထိကပ်မိတဲ့အခါ အသက်အန္တရာယ်အထိ ဖြစ်စေနိုင်တယ်ဆိုတာ သတိပြုစေချင်ပါတယ်။


အခုလည်း Xuan Loc မြို့နယ်မှာ နေထိုင်တဲ့ အသက် (၂၄)နှစ်အရွယ် အမည်မဖော်လိုတဲ့ မိန်းကလေးတစ်ဦးဟာ Dryer ရှော့ခ်ဖြစ်ပြီး ရုတ်တရက် သေဆုံးသွားခဲ့ပါတယ်။ သူမဟာ (၂)ခြား တစ်ခါ ခေါင်းလျှော်လေ့ရှိပြီး ခေါင်းလျှော်ပြီးတဲ့အချိန်တိုင်းမှာ ဆံပင်မြန်မြန် ခြောက်အောင် Dryer နဲ့ ဆံပင်တွေကို အကြာကြီး မှုတ်လေ့ရှိပါတယ်။


တနေ့တော့ သူမဝါယာရှော့ဖြစ်ကာ ဓာတ်လိုက် သေဆုံးသွားခဲ့ပါတယ်။ သူမသေဆုံးပြီး မကြာမီမှာ တာဝန်ကျရဲတွေ ရောက်လာပြီး စစ်ဆေးမှုတွေပြုတဲ့အခါမှာ သူမဟာ Dryer ကို ကိုယ့်အခန်းထဲမှာကိုယ် အသုံးပြုတာမဟုတ်ဘဲ။ ရေချိုးခန်းထဲမှာဘဲ အလွယ်တကူထားပြီး အသုံးပြုလို့ အခုလိုဖြစ်ရတာလို့ ရဲမှတ်တမ်းများအရသိရပါတယ်။ လူတော်တော်များများဟာ အလွယ်တကူဆိုပြီး ရေချိုးခန်းထဲမှာ Dryer ကို အသုံးပြုလေ့ရှိကြပါတယ်။

အသက်ကို ဉာဏ်စောင့်တယ်ဆိုတဲ့ စကားဟာ တကယ်ကို မှန်ကန်ပါတယ်။ လူတွေက သူများထီပေါက်ရင် ကိုယ်ပေါက်နိုင်တယ်ထင်ပြီး ထီတွေ စွတ်ထိုးနေကြတာ သူများ ဒီလိုသေရင် ကိုယ်လဲ ဒီလိုသေနိုင်တယ်လို့ ဘယ်သူမှမတွေးကြပါဘူး။ အဆိုပါ မိန်းကလေးလည်း လွယ်လွယ်ကူကူနဲ့ သေလိမ့်မယ်လို့ တွေးမယ်တော့ မထင်ပါဘူး။ အရည်သွေးနိမ့်လေ Resistant နိမ့်လေ ဒါကြောင့် ပျက်စီးလွယ်သလို ရှော့လည်းဖြစ်နိုင်ချေ ပိုများပါတယ်။

Dryer တွေဟာ ရေအနည်းငယ် ထိသွားရုံနဲ့ ရှော့စ်ဖြစ်နိုင်တယ်။ ခြေထောက်မှာ ရေစိုစွတ်နေရင် ဓာတ်လိုက်နိုင်တယ်ဆိုတာ သိထားသင့်ပါတယ်။ နောက်တစ်ခုက ကိုယ်အသုံးပြုနေတဲ့ Dryer ရဲ့ စက်လည်ပတ်သံဟာ ကိုယ်အရင်ကို အသုံးပြုတဲ့ စက်သံနဲ့ မတူတော့ဘူးဆိုရင် သတိထားသင့်ပါတယ်။ ရုတ်တရက်မီးထလောင်ပြီး သင့်ဆံပင်ပါ လောင်ကျွမ်းနိုင်ပါတယ်။


Source; Feedy.com

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။