ကမ္ဘာကျော် ဂီဇာပိရမစ်ပေါ်တက်ပြီး မဖွယ်မရာလုပ်ခဲ့တဲ့စုံတွဲကို အီဂျစ်အာဏာပိုင်တွေရှာဖွေနေ

အီဂျစ်နိုင်ငံက ဂီဇာ ပိရမစ်ကြီးဟာ ကမ္ဘာ့အမွေအနှစ်တစ်ခုဖြစ်သလို၊ အီဂျစ်နိုင်ငံသားတွေရဲ့ အထွတ်အမြတ်ထားရာနေရာတစ်ခုဆိုလည်းမမှားပါဘူး။

ဒါပေမယ့် အဲဒီလိုသူများအထွတ်အမြတ်ထားရာနေရာရဲ့အပေါ်ဆုံးကိုမှ ရောက်အောင်တက်ပြီး ပိရမစ်ထိပ်ဖျားမှာ မဖွယ်မရာလုပ်ခဲ့တဲ့ စုံတွဲကို အီဂျစ်အာဏာပိုင်တွေက ဒေါကန်နေကြပါတယ်။
ဒီဇင်ဘာ ၇ ရက်က အွန်လိုင်း ပေါ်ပြန့်နှံ့ခဲ့တဲ့ ရုပ်သံဗွီဒီယိုဖိုင်တစ်ခုမှာ ကိုယ်လုံးတီးနဲ့ငယ်ရွယ်တဲ့စုံတွဲတစ်တွဲဟာ ပိရမစ်ထိပ်ဖျားမှာ မဖွယ်မရာပြုလုပ်နေတာကိုတွေ့ရမှာပါ။

အဲ့ဒီဗွီဒီယိုနဲ့ပတ်သက်ပြီး အီဂျစ်နိုင်ငံရဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ဝန်ကြီး ခါလစ် အယ်လ် အနာနီ ကိုယ်တိုင်အမှုဖွင့်ခဲ့တာဖြစ်တယ်။ ဗွီဒီယိုထဲမှာ ပါဝင်တဲ့သူတွေဟာ ဒိန်းမတ်လူမျိုး ဓာတ်ပုံဆရာ အန်ဒယီရာ ဟစ်ဗ်ဒ် နဲ့ အမျိုးသမီးကတော့ ဘယ်သူမှန်းမသိရပါဘူး။

အီဂျစ်နိုင်ငံရဲ့ ဥပဒေအရ ပိရမစ်တွေပေါ်တက်ရောက်ခွင့်ပိတ်ပင်ထားပြီး တက်ရောက်ကြောင်းတွေ့ရှိရင် ဥပဒေအရကြီးလေးတဲ့ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။ သူတို့တွေဟာ ပိရမစ်ထိပ်ဖျားထိတွယ်တက်ခဲ့ကြပြီး အပေါ်ရောက်မှ ကိုယ်လုံးတီးချွတ်ပုံတွေရိုက်ကူးခဲ့ကြတာဖြစ်တယ်။

အန်ဒရီယာ က အဲဒီဓာတ်ပုံကိုသူ့ရဲ့ ကိုယ်ပိုင်ဘလော့ဂ်မှာ တင်ခဲ့ပြီး ဂီဇာထိပ်ဖျားမှာ ဝတ်လစ်စလစ်ပုံတွေရိုက်ဖို့ဆိုတာ သူ့ရဲ့ အိပ်မက်တစ်ခုဖြစ်တယ်လို့ရေးသားခဲ့တယ်။
နောက်ထပ်အပြောအရ ဘေးနားက အမျိုးသမီးဟာ ဒိန်းမတ်မော်ဒယ်လ် ဖြစ်ပြီး ဝတ်လစ်စလစ်ဓာတ်ပုံရိုက်တာက လွဲပြီး ဘာမှမဖြစ်ခဲ့ဘူးလို့ဆိုထားပါသေးတယ်။

Gabriel
Source : goodvibes.ny

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။