သရေရလာဒ်နဲ့ပဲ ကျေနပ်ခဲ့ရတဲ့ ထွန်းထွန်းမင်း နဲ့ ဒေ့ဗ် ( ဒေ၀ ) တို့ရဲ့ စိန်ခေါ်ပွဲ

မြန်မာလက်ဝှေ့ကျော် ထွန်းထွန်းမင်း နဲ့ လက်ရှိချန်ပီယံ ဒေ၀ ( dave ) တို့ရဲ့ မကျေပွဲကြီးကတော့ သရေရလာဒ် နဲ့ပဲ ကျေနပ်ခဲ့ရတယ်လို့သိရပါတယ်။

ပထမအချီမှာ ဒေ၀ ရဲ့ လက်သီးချက်တွေကြောင့် ထွန်းထွန်းမင်း အနားတောင်းခဲ့ရသလို ဒုတိယအချီပြန်အစမှာတော့ ထွန်းထွန်းမင်း ရဲ့ တရစပ်လက်သီးတွေကို ဒေ၀ တစ်ယောက်မနည်းရှောင်တိမ်းခဲ့ရပြီး ပြန်ထိုးဖို့တစ်ချက်တစ်ချက်မှပဲ အခွင့်သာခဲ့တာပါ။

ထွန်းထွန်းမင်း အနေနဲ့ နောက်ဆုံးအချိန်ထိ အလဲထိုးပြီး အနိုင်ယူဖို့ကြိုးစားခဲပေမယ့် အရပ်အမောင်းမြင့်မားတဲ့ ဒေ၀ ကိုအသာစီးထိုးသတ်လို့မရခဲ့ပါဘူး။

ဒါဟာ သူတို့နှစ်ယောက်ရဲ့ ဒုတိယအကြိမ်တွေ့ဆုံပွဲဖြစ်ပြီး လက်ရှိရလာဒ်အပေါ်ကျေနပ်မှုမရှိသေးပဲ နောက်တစ်ကြိမ် စိန်ခေါ်ထိုးသတ်မှုတွေလုပ်သွားဦးမယ် လို့ထွန်းထွန်းမင်းကပြောခဲ့ကြောင်းသိရပါတယ်။

Gabriel
Source : ထွန်းထွန်းမင်း fb

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။