ရေတွင်းအောက်ခြေက ရွှံ့လုံးလေးတွေကို သေချာဆေးကြောလိုက်တဲ့အခါ

ပြီးခဲ့တဲ့ အောက်တိုဘာ က ထိုင်းနိုင်ငံမှာဖြစ်ခဲ့တဲ့ ဖြစ်ရပ်လေးပါ။ ချစ်စရာကောင်းသလို၊ ကြင်နာတတ်တဲ့နှလုံးသားပိုင်ရှင်ကိုလည်း ဂုဏ်ပြုချင်လို့ WE Media ကနေ ပြန်လည်မျှဝေလိုက်ပါတယ်။

ဆူရာချက် ဆိုတဲ့ အမျိုးသားဟာ အလုပ်ကနေ အိမ်ကိုပြန်အလာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုကိုဖြတ်တော့ တအီအီ နဲ့အော်နေတဲ့အသံလေးတွေကိုကြားသတဲ့။ အဲ့ဒါနဲ့ဘယ်ကလဲလို့ လိုက်ရှာတဲ့အခါ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲက ရေတွင်းတစ်ခုနားမှာ အသံကဆုံးသွားတယ်။

ရေတွင်းအောက်ခြေကို ငုံ့လည်းကြည့်လိုက်ရော အောက်ခြေမှာ လှုပ်စိလှုပ်စိနဲ့ဖြစ်နေတဲ့အရာလေးတွေကို တွေ့ရတယ်။ ဘာမှန်းတော့မသိဘူး။ ရွှံ့တွေနဲ့လုံးနေတယ်ဆိုတော့ကာ … အဲ့ဒါနဲ့ သူလည်း ရေတွင်းထဲဆင်းပြီးကြည့်လိုက်တာပေါ့ .. အဲ့မှာသူတွေ့ရတာက …

ခွေးပေါက်လေးတွေ .. ရေတွင်းထဲပြုတ်ကျပြီး အောက်ခြေက မြေစေးတွေနဲ့ကပ်ပြီး ရွှံ့လုံးလေးတွေလိုဖြစ်နေတာ .. ရေတွင်းက သိပ်မနက်ပေမယ့် ခွေးပေါက်လေးတွေဆိုတော့ ပြုတ်ကျပြီး ဘယ်ပြန်တက်လို့ရတော့မလဲ …
အဲ့ဒါနဲ့ ဆူရာချတ် လည်း ခွေးလေးတွေကို အိမ်ခေါ်လာခဲ့တယ်။ အိမ်ရောက်တော့ သေချာ ဆေးကြော၊ သန့်စင်ပြီး ရေသုတ်၊ အနွေးပေးလိုက်တယ်။ အဲ့ခါကျမှ သူခေါ်လာတဲ့ခွေးလေးတွေဟာ အသွေးအမွေးတောက်တောက်ပြောင်ပြောင်နဲ့ ချစ်စရာလေးတွေဖြစ်နေမှန်းသိရတာပေါ့။

ချစ်ဖို့ကောင်းလွန်းတဲ့ ခွေးလေးတွေကြောင့် သူတို့မိသားစုတွေအရမ်းချစ်ကြတယ်။ အဲ့ဒါနဲ့ခွေးလေးတွေကိုသူတို့မွေးစားလိုက်ရော .. အဲ့ဒီအကြောင်းကို ဆူရာချတ် က သူ့ရဲ့လူမှုကွန်ယက်မှာ တင်လိုက်တဲ့အခါ ကြင်နာတတ်တဲ့ရွှေရောင်နှလုံးသားကပိုင်ရှင်အဖြစ် လူမှုကွန်ယက်သုံးတဲ့သူတွေက ဝိုင်းပြီး ချီးကျုးကြသတဲ့ ….

ပုံပြင်လေးကတော့ ဒါပါပဲကွယ် …

WE ပရိသတ်တွေလည်း တိလေးတွေကို ချစ်တတ်၊ ကြင်နာတတ်ကြပါစေ။ 

Gabriel
Source : goodfullness.net






we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။