
အလွယ်ကူဆုံး ဒိန်ချဉ်လုပ်နည်း
ဒိန်ချဉ်လုပ်ရန် ပါဝင်ပစ္စည်းများ
နွားနို့ ၁ပိသာ
နို့ချဉ်(သို့)ဒိန်ချဉ်အချဉ် ၃၀မီလီမီတာ ( ဖန်ခွက်အသေး ၁ခွက် )
စတီးဒန်အိုး ၁လုံး
မြေအိုး ၁လုံး
ပြုလုပ်နည်း
နွားနို့ကိုပျစ်သွားအောင်အရင်ကျိုချက်ရပါတယ်။
ပြီးရင်တော့ မြေအိုးထဲကို ကျိုထားထည့်နွားနို့တွေကိုထည့်ပြီး ဒိန်ချဉ်အ
ချဉ်ကိုထည့်ပြီး သမအောင် မွှေပေးလိုက်ရုံပါဘဲ။
ပြီးရင်တော့ ငြိမ်သောနေရာမှာ ထားပေးရပါမယ်။
ဒိန်ချဉ်ဖြစ်လာသည်အထိ စောင့်ပါ။
အားလုံးသော နွားနို့တွေခဲသွားရင် ရေအနည်းငယ်ပါ ထွက်လာတတ်ပါတယ်။
ထွက်လာသမျှရေတွေကိုခပ်ထုတ်ပေးခြင်းဖြင့် ဒိန်ချဉ်ကို ရရှိမှ ဖြစ်ပါတယ်ခင်ဗျာ။
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။