Miss Universe ကို ချစ်သူတော်ထားရတဲ့ ကမ္ဘာ့ကံအကောင်းဆုံး အမျိုးသား

2018 မှာ ကမ္ဘာရဲ့ အလှဆုံးသော အလှမယ်ဖြစ်ခဲ့ရတဲ့  Philippines နိုင်ငံက အလှမယ် Catriona Gray ဟာ ခြောက်နှစ်ကြာ လက်တွဲလာခဲ့တဲ့ ချစ်သူ ကောင်လေးကို အားလုံးသိအောင် ပရိသတ်တွေရှေ့မှာတရားဝင် လက်တွဲပြခဲ့ပါပြီ  


Catriona Gray ရဲ့ တစ်ဦးတည်းသော ချစ်သူ clintbondad က Miss Universe ပြိုင်ပွဲထိတောင် လိုက်လံအားပေးခဲ့သူဖြစ်ပြီး သူမကို super model တစ်ယောက်ဖြစ်အောင် အမြဲ support ပေးနေတဲ့ သူ တစ်ယောက်ဖြစ်ခဲ့တယ်။ 

ချစ်သူတွေမဖြစ်ခင်ကတည်းက သူမနဲ့ ခင်မင်ရင်းနှီးလာခဲ့တာ အတော်ကြာခဲ့ပြီဖြစ်သလို နောက်ဆုံးတော့လဲ သူရဲ့ အချစ်စစ်အချစ်မှန်တွေကြောင့် အလှမယ် Catriona Gray က လက်ခံခဲ့တာဖြစ်ြင်္ပိး ရေရှည်လက်တွဲခဲ့တယ်။ နှစ်ယောက်လုံးက ဖိလစ်ပိုင်နိုင်ငံမှာ နာမည်ကြီးတဲ့ Super Model တွေဖြစ်ကြပြီး ဆယ်လီစုံတွဲတွေလဲ အားကျရတဲ့ ချစ်သူတွေဆိုတော့ ဒီသတင်းကို ဖတ်ကြတဲ့ သူတွေ အရမ်းတွေအားကျနေလောက်ရောပေါ့။

ဟုတ်ပါတယ် တကယ့်ကို လှပတဲ့ မယ်စကြာဝဋ္ဌာ Catriona Gray ဟာ သူကို အလိုလိုက်ပြီး အမြဲဂရုစိုက်တတ်တဲ့ ချစ်သူကို ပိုင်ဆိုင်ထားသလို Clint bonadad ကလဲ ကံအကောင်းဆုံး အမျိုးသားတစ်ယောက်ဖြစ်ခဲ့ပြီလေ။

ပျော်ရွင်နေကြတဲ့ ချစ်သူနှစ်ဦးပုံရိပ်လေးတွေကို ကြည်လိုက်နော် 


Sources - Asia One 

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။