ဂရုစိုက်မယ့်သားသမီးတွေမရှိလို့ သခင်အနားမှာ အမြဲအဖော်ပြုပေးတဲ့ ခွေးလေး

အလုပ်မအားလို့၊ အစည်းအဝေးရှိလို့၊ ခရီးသွားနေရလို့နဲ့ အကြောင်းပြချက်တွေပေးပြီး မိဘကို ပြစ်ထားကြတဲ့ သားသမီးတွေ အများကြီးရှိပါတယ်။ အသက်အရွယ်ကြီးလာတဲ့ မိဘတွေကို ပြစ်ထားကြတဲ့ သားသမီးဆိုးတွေဟာ ကျနော်တို့နေထိုင်ရာ ပတ်ဝန်းကျင်မှာလည်း မြင်ဖူး တွေ့ဖူးကြမှာပါ။ လူတိုင်းကိုတော့ မဆိုလိုပါဘူး။ တချို့တွေက မိဘအပေါ်သိတတ်ပြီး အနားမှာ ဂရုတစိုက်ပြုစုပေးသလို တချို့တွေကတော့ ဖြစ်ချင်ရာဖြစ်ဆိုပြီး လှည့်မကြည့်တဲ့သူတွေလည်းရှိပါတယ်။ မွေးပေးတဲ့ ကျေးဇူး၊ ကျွေးမွေးပြုစုတဲ့ ကျေးဇူး၊ ပညာသင်ကြားပေးတဲ့ ကျေးဇူးတွေတောင် မထောက်ထားတဲ့ သားသမီးတွေ ဒီလောကကြီးမှာ အများကြီးရှိပါတယ်။


အပေါ်က ပုံထဲက (၈၀)ကျော် အဖွားအိုဟာ ကျန်းမာရေးချို့ယွင်းလာမှုကြောင့် တရုတ်နိုင်ငံ ဆေးရုံတစ်ရုံမှာတင်ထားရပြီး ဆေးကုသမှုခံယူနေရပါတယ်။ သူမမှာ သားသမီးတွေရှိပေမယ့် ဆေးရုံကိုလာရောက်ခြင်းမရှိတဲ့အတွက် သူမဟာ နေ့တိုင်း သူနာပြုတွေ၊ ဆရာဝန်နဲ့သာ ဆေးကုသပေးတဲ့အချိန်၌ စကားပြောဖော်ရပြီး ကျန်ခဲ့ အချိန်တွေမှာ သားသမီးတွေမရှိတဲ့အတွက် အမြဲတမ်း အဖော်မဲ့နေခဲ့ရပါတယ်။


ဆေးရုံသူနာပြုတွေ ပြောကြားချက်တွေအရတော့ “ အဖွားအိုဟာ အိပ်ရာထဲ လှဲနေရပြီး အဖော်ပြုပေးမယ့် သားသမီးတွေတစ်ယောက်မှ လာရောက်ခြင်း၊ အားပေးခြင်းမတွေ့ရပါဘူး။ နေ့တိုင်း သူမမွေးထားတဲ့ ခွေးလေးတစ်ကောင်သာ အိပ်ရာအနားမှာ တွေ့ရတယ် ” လို့ ပြောပါတယ်။


ဆေးတိုက်ဖို့၊ ထမင်းစားဖို့၊ အပေါ့အလေးသွားဖို့အတွက် ဘာမှမလုပ်ပေးနိုင်ပေမယ့် အနည်းဆုံးတော့ သခင်အားရှိစေအောင် အနားမှာ အဖော်ပြုပေးနိုင်တာပေါ့။ ဘယ်သူပဲဖြစ်ဖြစ် ကိုယ်နေမကောင်းတဲ့အခါ၊ ဆေးရုံတက်ရတဲ့အခါ၊ အားငယ်နေတဲ့အခါမှာ ကိုယ်နဲ့ အရင်းအနီးဆုံးလူတွေကို အနားမှာရှိစေချင်ကြတာကြီးပါဘဲ။ဒါပေမယ့်လည်း အခုအဖွားအိုရဲ့ သားသမီးတွေဟာ အဖွားအိုအတွက် လူတစ်ယောက်ကို အချိန်ပိုင်းသာ ဌားရမ်းပေးထားပြီး ကိုယ်စီ ကိုယ်စီ အလုပ်တွေရှုပ်နေကြလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆေးရုံကို တစ်ခေါက်တောင်မလာခဲ့ပါဘူး။

တစ်ခါကျွေးဖူး သူ့ကျေးဇူးကို သိတတ်တဲ့ ခွေးလေးကတော့ သခင်ဖြစ်သူပြောသမျှ စကားတွေကို နားမလည်ပေမယ့် အပေါ့အလေးသွားချိန်ကလွဲရင် သခင်အနားမှာ အချိန်တိုင်းရှိနေပါတယ်။ လူအများကတော့ သားသမီးဖြစ်သူတွေ အသုံးမကျမှုကို ရှုံ့ချကြောင်းနဲ့ ဝေဖန်မှုတွေရှိခဲ့ပါတယ်။
Source; tinhtamvn.net

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။