စိမ်းပြာရေညှိ (Spirulina) ၏ ခန္ဓာကိုယ်အတွက် အကျိုးသက်ရောက်ပုံ

Spirulina လို့ခေါ်တဲ့ စိမ်းပြာရေညှိက သင့်ရဲ့ပင်ပန်းနွမ်းနယ်မှုတွေကို ဖြေဖျောက်ပေးပြီး စိတ်ရောကိုယ်ပါ အသစ်တစ်ဖန်ပြန်လည်လန်းဆန်းစေနိုင်ပါတယ်။

စိမ်းပြာရေညှိက သင့်ခန္ဓာကိုယ်ကို ဘယ်လိုအကျိုးပြုသလဲဆိုတာလေး ပြောပြချင်ပါတယ်။

မည်သည့်လုပ်ငန်းဆောင်တာမဆို ဆောင်ရွက်ရန် ခန္ဓာကိုယ်မှာ ဇီဝဖြစ်စဉ်တွေဖြစ်ရပါတယ်။ 

ဒီလိုဇီဝဖြစ်စဉ် တွေကနေ Free Radicals ( oxidants ) တွေထွက်လာစေပါတယ်။ 

Free Radical တွေဟာဆိုရင် မောပန်းနွမ်းနယ်မှုတွေနဲ့ အိုမင်းရင့်ရော်မှုတွေကို ဖြစ်စေတဲ့ အဓိကတရားခံပါ။ 

Spirulina  မှာဆိုရင် 

Anti - oxidant တွေဖြစ်တဲ့ Vitamin A,C,E နှင့် Amino Acid , Glutathione တို့ပါဝင်သောကြောင့် ပင်ပန်းနွမ်းနယ်မှုတွေကို အချိန်တိုအတွင်း ပြေပျောက်စေမှာပါ။

ဒါ့အပြင် Oxygen ကို သယ်ဆောင်ပေးမဲ့ သွေးနီဥတွေအတွက် ကုန်ကြမ်းတွေ ဖြစ်တဲ့ 

Iron နဲ့ Amino Acid တွေလည်း စိမ်းပြာရေညှိမှာ ပါဝင်နေသောကြောင့် သွေးလည်ပတ်မှုကို အားကောင်းစေပြီး နေ့သစ်တိုင်းမှာ လူသစ်စိတ်သစ် ဖြစ်စေမှာပါ။ 

ဒါကြောင့် ပင်ပန်းနုံးချိမှုတွေကို အချိန်တိုအတွင်း သက်သာစေပြီး လိုအပ်တဲ့စွမ်းအင်တွေကို အမြန်ဆုံးပြန်လည် ဖြည့်တင်းပေးနိုင်တဲ့  စိမ်းပြာရေညှိက နေ့စဉ်သောက်သုံးသင့်တဲ့ ဖြည့်စွက်စာ တစ်ခုဖြစ်ကြောင်း ဖော်ပြပေးလိုက်ရပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။