
သုံးလလောက် ပျောက်သွားပြီးမှ Social Media မှာ ပြန်ပေါ်လာတဲ့ Selena Gomez
အမေရိကန်ရဲ့ နာမည်အကြီးဆုံး နဲ့ အောင်မြင်မူများစွာ လက်ရှိမှာရရှိထားတဲ့ ဆယ်လီနာဟာ လက်တလောမှာ ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံတတ်နေရပြီး ဆေးကုသမူခံယူနေခဲ့ရပါတယ်။ သူမဆေးရုံတတ်နေရတာ တစ်လနီးပါးကြာမြင့်နေပြီဖြစ်သလို ကျန်းမာရေးအခြေအနေကတော့ ကောင်းလာတာကို အခုလို ဒီပုံလေးကို ကြည့်ပြီး တွေမြင်ရမှာပါ။
Taking a social media break. Again
ဆေးရုံတတ်နေရတဲ့ သတင်းကို JB နဲ့ ပက်သတ်ပြီးတော့ ဖြစ်တာလို့ ကောလဟာလတွေ မကောင်းသတင်း ပြောကြပေမဲ့ သူမကတကယ်တော့ Lupus နဲ့ ကျောက်ကပ်အစားထိုးခံထားရတာကြောင့် ဆေးရုံနှစ်ခါတတ်နေရတာပါ။ ပြီးတော့ သူမအနေနဲ့ စိတ်ကျန်းမာရေးဆရာဝန်နဲ့လဲ အနီးကပ်ကုသမူခံယူနေပြီး သူမပျော်ပျော်ရွင်ရွင်နဲ့ နေထိုင်နိုင်ဖို့ ကြိုးစားနေပါတယ်။
ဒါကတော့ သူမ ကယ်လီဖိုးနီးယား Malibu hills မှာ သူမရဲ့ သူငယ်ချင်းတွေနဲ့ ရောက်ရှိနေတဲ့ ပုံရိပ်တွေပါ။
Selenators တွေကတော့ သူမရဲ့ ကျန်းမာရေးအမြန်ပြန်ကောင်းလာပြီး ပျော်ပျော်ရွင်ရွင်နေနိုင်ဖို့ ဆုတောင်းနေကြတာကို Social Media မှာ အများပြားတွေ့ကြမှာပါ။
မြန်မာ က Selenators လေးတွေလဲ ဆုတောင်းပေးကြပါအုံးနော်။
Sources - Daily Mail Online
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။