လေးစားထိုက်တဲ့ သူနာပြုသတို့သမီးလေး

တရုတ်နိုင်ငံ Liaoning မြို့မှာ သူနာပြုသတို့သမီးတစ်ယောက်ရဲ့ ကိုယ်ကျိုးစွန့်လုပ်ရပ်ကြောင့် တရုတ်နိုင်ငံပိုင် သတင်းစာတွေ၊ မီဒီယာတွေမှာ လူအကြိုက်အများဆုံးသတင်းတစ်ခုဖြစ်ခဲ့ပြီး စာမျက်နှာတိုင်းရဲ့ ထိပ်ဆုံးနေရာကို နေရာယူခဲ့ပါတယ်။


သူမ နာမည်က Xie Dan လို့ခေါ်ပါတယ်။ သူမဟာ ဆေးရုံကြီးတစ်ခုမှာ သူနာပြုဝန်ထမ်းအဖြစ် လူနာတွေကို စေတနာသန့်သန့်နဲ့ ပြုစုပေးတဲ့သူလေးပါ။ တနေ့တော့ Xie Dan ဟာ မင်္ဂလာဆောင်ပြီး ပျော်ရွှင်စွာ ပြန်လာတဲ့ အပြန်လမ်းမှာ အမျိူးသမီးတစ်ဦး မေ့လဲသွားတာကို သူမ ကားပေါ်မှ တွေ့လိုက်ပါတယ်။ တာဝန်သိတတ်သူပီပီ မေ့လဲသွားတဲ့ လူနာလည်းတွေ့ရော သူမဟာ ချက်ချင်းဆိုသလို ကားချက်ချင်းရပ်ခိုင်းပြီး ပြေးဆင်းကာ လူနာဆီကို အပြေးသွားခဲ့ပါတယ်။


လူနာဆီရောက်ရောက်ချင်းမှာ သူမဟာ CPR (နှလုံးခုန်အောင် ရင်ဘက်ကို လက်နဲ့ဖိအားပေးခြင်း) ကို အရင်ဆုံးလုပ်ပါတယ်။ သူမဟာ မင်္ဂလာဝတ်စုံဖြူလေးနဲ့ ပျော်ပျော်ရွှင်ရွှင်ပြန်လာတာကိုတောင် မေ့နေပြီး လူနာရဲ့ အသက်အန္တရာယ်ကိုသာ အဓိကထား လုပ်နေဆောင်နေပါတော့တယ်။ အဖြူရောင်မင်္ဂလာဝတ်စုံလေး ပေကျံသွားမှာကိုတောင် ဂရုမစိုက်နိုင်တော့ပါဘူး။


လူအများအထင်ကြီးအောင်၊ အာရုံစိုက်ခံရအောင် ပေါ်ပင်လုပ်တာမျိုးမဟုတ်ဘဲ တကယ့်ကို စိတ်ရင်းစေတနာအရင်းနဲ့ လုပ်ခဲ့တာမို့ ဘေးပတ်ဝန်းကျင်က လူအများလဲ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေရိုက်ကာ သူမရဲ့လုပ်ရပ်ကို လူမှုကွန်ယက်တွေပေါ်မှာ ချီးကျုးသြဘာ ပေးခဲ့ကြပါတယ်။ တကယ်တော့ မေ့လဲသွားတဲ့ အမျိုးသမီးဟာ အောက်ပိုင်းမသန်ဘဲ ဝှီးချဲနဲ့သာ သွားလာရပါတယ်။ အဲ့ဒီ အမျိုးသမီးကို ကားတစ်စီးတိုက်မိရာမှ အခုလို သတိလစ်သွားခဲ့တာဖြစ်ပါတယ်။


Xie Dan အတော်လေးကို ကြိုးစားပမ်းစား ရှေးဦးသူနာပြုလုပ်ပေးခဲ့ပေမယ့် ဆေးရုံရောက်တော့ အဆိုပါ အမျိုးသမီး စိတ်မကောင်းစွာဘဲ ဆုံးပါးသွားခဲ့ရပါတယ်။ သူမ ကိုယ်ကျိုးတောင်မငဲ့ဘဲ ကူညီပေးခဲ့ပေမယ့် နောက်ဆုံးရလဒ်က သူမ မျှော်လင့်ထားသလို ဖြစ်မလာတဲ့အတွက် သူမ အရမ်းကို ဝမ်းနည်းခြင်းတွေ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် သူမကို ဘယ်သူမှ အပြစ်တင်ပြောဆိုခြင်း၊ ဝေဖန်ခြင်းတွေမရှိဘဲ ရဲရဲဝန့်ဝန့်လုပ်ဆောင်ခဲ့တာကိုဘဲ ချီးကျုးကြောင်းနဲ့ အားပေးစကားတွေသာ နှစ်သိမ့်ပြောကြားခဲ့ကြပါတယ်။

Source; feedytv.com

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။