ခွေးလို့အခေါ်ခံနိုင်မှ ရှမ်းမလေးကို ယူပါ

ရှမ်းမချောချောလေးကို လက်ထပ်ထားတဲ့ သူငယ်ချင်းနဲ့ ပြန်တွေ့တော့ ဝမ်းသာအားရနဲ့ နှုတ်ဆက်လိုက်တာပေါ့ ....
“ ဟေ့ သားကြီး နေပါဦးကွ လောလောနဲ့ ဘယ်သွားမလို့လဲ လာကွာ လက်ဖက်ရည်ဆိုင်ခဏထိုင်ပါဦး မတွေ့တာလဲ ကြာပြီ ”
“ အေးကွာ ထိုင်တာပေါ့ ”
“ မင်း မိန်းမချောချောလေးရလို့ အတော်ကိုပျော်နေတယ်ဆို ”
“ ငါ့ပုံစံက ပျော်နေပုံပေါက်လို့လား အခုတောင် သူတို့ အိမ်မှာမနေနိုင်တော့လို့ မိန်းမအိမ်ပေါ်က ဆင်းပြီး .. ငါ့အမေအိမ်ကိုပြန်မလို့ ”
“ ဟာ လက်ထပ်ထားတာမှ (၁)လမပြည့်သေးဘူး ဘယ်လိုဖြစ်တာလဲကွာ ”
“ သူငယ်ချင်းရာ ငါ့မှာ ရှမ်းမတစ်ယောက်ယူတော့မှ ငါးပါးမှောက်တာဘဲကွာ ”
“ ဟ ဘာဖြစ်လို့တုန်းဟ ”
“ ဘာဖြစ်ရမှာလဲ ငါ့မှာ ရှမ်းမယူမှ ခွေးလုံးလုံးဖြစ်တော့တာပဲ ”
“ မဖြစ်နိုင်တာကွာ ပြောပြစမ်းပါဦး ”
“ ဒီလိုကွာ ငါမိန်းမရတော့ မိန်းမအိမ်မှာလိုက်နေတယ်ကွာ … ပြသာနာက ငါ့မိန်းမ မဟုတ်ဘူး .. သူ့အမျိုးတွေကွ။ တစ်ယောက်က ငါ့ကို ပီခွေးလို့ခေါ်တယ်။ နောက်တစ်ယောက်က နောင်ခွေးလို့ခေါ်တယ်။ ဒါတင်မဟုတ်သေးဘူး နောက်တစ်ယောက်ကျတော့ အာ့ခွေးတဲ့ကွာ။ ငါလခွမ်း တနေ့တနေ့ ခွေးလို့ပဲ အခေါ်ခံနေရတယ်။ အဆိုးဆုံးကတော့ ငါ့မိန်းမရဲ့အဖိုးခေါ်တဲ့ ခွေးဟာ အဆိုးဆုံးဘဲကွာ။ ဘယ်လိုခေါ်လဲဆိုတော့ လမ်းခွေးတဲ့ကွာ။ ဒါတော့ ငါသည်းမခံနိုင်တော့ဘူး သူငယ်ချင်းရာ။ ဒီခွေးတောထဲက မထွက်နိုင်တဲ့ ငါ့ဘဝကို ငါသနားလာလို့ မိန်းမအိမ်ပေါ်ကနေ ဆင်းလာခဲ့တာ ”
“ ဟဟ .. ဖြစ်မှ ဖြစ်ရလေကွာ  ”
(ပီခွေး – အမ၏ ယောကျ်ား။ နောင်ခွေး - ညီမ၏ ယောကျ်ား။ နာခွေး - အမေ့ညီမ၏ယောကျ်ား။ အာ့ခွေး - အဖေ့ညီမ၏ယောကျ်ား။ လုတ်ခွေး - သမီး၏ ယောကျ်ား။ လမ်းခွေး - မြေးမ၏ယောကျ်ား)
သြော် သူမှ မသိတာကိုး ::::::::::::::::::: ????
Crd; google.com

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။