ပရိသတ်တွေ မမေ့တဲ့ ကမ္ဘာကျော်ဟာသအနုပညာရှင် (၃) ဦး

ကမ္ဘာကျော်ဟာသ မင်းသားတွေတော်တော်များကို သိကြမယ်ထင်ပါတယ်။ 

(၁) Cherlie Chaplin

ပထမဦးဆုံး လူသိများကြိုက်နှစ်သက်ကြတဲ့ ဟာသမင်းသားကတော့  Cherlie Chaplin ပါပဲ။   သူ့ ဟာသဗီဒီယိုလေးတွေနဲ့ ပရိတ်သတ်တွေ ရီမောပျော်ရွှင်အောင် မရိုးရတဲ့ အိုက်တင်အမျိုးမျိုး နဲ့တင်ဆက်ပေးတာကိုလည်း Cherlie Chaplin ပရိတ်သတ်တွေ အသိဆုံးပါပဲ။
Cherlie Chaplin ကို 1889  April 16 ရက်နေ့မှာ United Kingdom မှာမွေးဖွားပါတယ်။ 1977 December 25 မှာ Corsier-sur-vevey, Switzerland နိုင်ငံမှာ ကွယ်လွန်ခဲ့ပါတယ်။ အခုဆိုရင် သူဆုံးသွားတာ နှစ်လေးဆယ်တောင်ရှိနေပါပြီ။
အခုချိန်ထိတောင် သူ့ ဇာတ်ကားတွေက အောင်မြင်ကြော်ကြားနေတာတွေ ၊ သူ့ ပုံရိပ်တွေကလည်း အခုထိ ရှိနေတာတွေက သူ့ရဲ့  သူ့ ပရိတ်သတ်တွေက သူ့အပေါ် ဘယ်လောက်ချစ်တယ်ဆိုတာကို သက်သေပြလိုက်ခြင်းဖြစ်ပါတယ်။

(၂) Mr.Bean

Mr.Bean ကတော့ အခုလက်ရှိအချိန်ထိအောင်မြင်နေတုန်းပါပဲ။ ရုပ်အနေအထားကတော့ အားလုံးသိတဲ့ အတိုင်းပါပဲ။ မျက်လုံးပြူးပြူး အူကြောင်ကြောင် မျက်နှာအနေအထား စကားပြောတဲ့ အသံကလည်း ပြောနေစရာတောင်မလိုပါဘူး။ Mr.Bean ရဲ့ဇာတ်ကားတွေကို ကြည့်ဖူးတဲ့သူတွေ အသိဆုံးပါပဲ။ ကိုယ်တွေကတော့ Mr.Bean ရဲ့ဇာတ်ကားတွေကို မှီလိုက်ပါတယ်။ Mr.Beanကိုတော့ 1955January6  မှာမွေးဖွားခဲ့ပါတယ်။ ဇနီးဖြစ်သူ Sunetra Sastry နဲ့ 2015 မှာ တရားဝင်ကွာရှင်းပြတ်စဲခဲ့ပါတယ်။ 
Mr.Bean ရဲ့ အနုပညာကိုလေးစားတဲ့အနေဖြင့် ကလေးငယ်တွေ အကြိုက်  Mr.Bean ကာတွန်းကားကိုလည်း ဖန်တီးရိုက်ကူးခဲ့ပါတယ်။ များသောအားဖြင့် ကာတွန်းကားတော်တော်များများကို ကလေးငယ်တွေကသာ ကြိုက်ကြပေမယ့်၊ Mr.Bean ကာတွန်းကားကိုတော့ ကလေးတွေပါမက လူကြီးတွေကပါ ကြိုက်နှစ်သက်ကြတာကိုလည်း တွေ့ရပါတယ်။ ကာတွန်းကားမှာလည်းအောင်မြင်သလို လူကိုယ်တိုင်ရိုက်ကူးတဲ့ ဟာသဇာတ်ကားတွေကလည်း အမြဲတမ်းအောင်မြင်ကျော်ကြားလူကြိုက်များနေတုန်းပါပဲ။  

(၃) Jackie Chan


ကမ္ဘာကျော်တရုတ်မင်းသားကြီးဆိုတာကိုလူတိုင်း သိကြမယ်ထင်ပါတယ်။  သူကတော့ အက်ရှင်ဟာသဇာတ်ကားတွေကို ရိုက်တဲ့ မင်းသားကြီးပါပဲ။ ပရိသတ်တွေ အားလုံးလည်းသိကြမယ်ထင်ပါတယ်။ သူရိုက်တဲ့ ဟာသဇာတ်ကားတွေက ရယ်စရာကောင်းပါတယ်။ ဒါ့အပြင်သူရိုက်တဲ့ ဇာတ်ကားတွေက အမှန်တကယ်ကို အရဲစွန့်ပြီးရိုက်ထားတဲ့ဇာတ်ကားတွေပါပဲ။ Jackie ကိုတော့ 1954 April 7ရက် Victoric Peak,Hong Kong မှာမွေးဖွားခဲ့ပါတယ်။ သူရဲ့ ဇာတ်ကားတွေအောင်မြင်ချက်က ပြောနေစရာတောင်မလိုပါဘူး။ အခုထိလည်း လူကြိုက်များအောင်မြင်နေတုန်းပါပဲ။ ပြောရရင်တော့ မြန်မာနိုင်ငံကဒွေးလိုပေါ့။ လူကတော့ မသေသေးဘူးပေါ့နော်။ ဒါပေမယ့်လည်း ထွက်သမျှဇာတ်ကားတိုင်းကအောင်မြင်တဲ့ ဇာတ်ကားတွေပါပဲ။ သူနဲ့ရုပ်ရှင်အတူတူရိုက်တဲ့ မင်းသားမင်းသမီးအသစ်တွေကိုလည်း သူကိုယ်တိုင်သင်ပြပေးသလို ဒါရိုက်တာနေရာမှာလည်း Jackie ကမပါမဖြစ်မင်းသားကြီးတစ်ဦးပါပဲ။

သူတို့တွေကတော့ သူတို့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာကတည်းက ယနေ့ချိန်အထိ အောင်မြင်ကျော်ကြားလူကြိုက်များနေသလို သူတို့ရဲ့ ဇာတ်ကားတွေကလည်း ယနေ့ချိန်အောင်မြင်နေတုန်းပါပဲ။ ဇာတ်လမ်းတွေကလည်း ဘယ်အချိန်ပဲကြည့်ကြည့် မရိုးအီသွားပါဘူး။  ယနေ့ခေတ်မှာရော သူတို့လို ပရိသတ်ရင်ထဲမှာ စွဲကျန်ထင်ရစ်နေမယ့် အနုပညာရှင်အသစ်တွေပေါ်ထွက်လာမှာလား။ အမြတမ်းအောင်မြင်ကျော်ကြား နေရမှာနော်။ သူတို့ကတော့ လေးစားအတုယူစရာကောင်းတဲ့ အနုပညာရှင်သုံးဦးပါပဲ။ ကမ္ဘာကျော် အနုပညာရှင်သုံးလည်းဖြစ်သလို လူတိုင်းသိကြတဲ့ အနုပညာရှင်သုံးဦးပါပဲ။