ပင်ပွားအကြောင်း သင် ဘယ်လောက်သိပါသလဲ

ပင်ပွား (Basil seed) ဆိုတာ. . .

ပင်ပွားစေ့ဆိုတာက ကမ္ဘာပေါ်မှာ လူသိများတဲ့ဆေးဖက်ဝင်အပင်ဖြစ်တဲ့ ပင်စိမ်းပင်ရဲ့ အစေ့ဖြစ်ပါတယ်။ ပင်ပွားစေ့ကို အချိုပွဲတွေနဲ့ စားသောက်ဖွယ်ရာတွေထဲမှာ ထည့်သွင်းတည်ခင်းလေ့ရှိပါတယ်။ ပင်ပွားစေ့မှာ ခန္ဓာကိုယ်အကျိုးပြု ဓာတ်ပေါင်းတွေအများအပြားပါဝင်ပြီး ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ ပင်ပွားစေ့တွေထဲမှာ အမျှင်ဓာတ်၊ဗီတာမင် ကေ၊ ပရိုတင်း၊phytochemical၊ polyphenolic ဒြပ်ပေါင်းတွေ၊ orientin၊ vicentin နဲ့အခြားအင်အားပြည့်ဝတဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေပါဝင်နေပါတယ်။

ပင်ပွားကိုစားသုံးခြင်းဖြင့်

ကိုယ်အလေးချိန်ကျစေခြင်း

သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးခြင်း

ဝမ်းချုပ်တာနဲ့လေပွတာကို သက်သာစေခြင်း

အဆိပ်အတောက်တွေကို ဖယ်ရှားပေးခြင်း 

အစာအိမ် အချဉ်ပေါက်တာနဲ့ ရင်ပူတာကို သက်သာစေခြင်း

အရေပြားနဲ့ဆံပင်တွေကိုကျန်းမာစေခြင်း

ချောင်းဆိုးတာနဲ့တုပ်ကွေးကို သက်သာစေနိုင်ခြင်း

အရိုးကိုကြံ့ခိုင်သန်စွမ်းစေခြင်း

စိတ်ဖိစီးမှုကို သက်သာစေခြင်း

အမြင်အာရုံတိုးတက်စေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။