သတင်းစာနဲ့ အရက်ပျံကို အသုံးပြုပြီး လက်သည်းနီလှလှလေးဆိုးကြမယ်

ယနေ့ခေတ်မှာ လက်သည်းဆိုးတာနဲ့ ပတ်သက်ရင် ပုံစံအမျိုးမျိုး၊ နည်းအမျိုးမျိုးနဲ့ လှအပကို ဆင်မြန်းလာကြပါတယ်။ မိန်းကလေးတွေ အတွက် အပြင်သွားစရာရှိလို့၊ ချိန်းထားတာရှိလို့ ဘာလိုကိစ္စရှိရှိ လွယ်လွယ်မြန်မြန်လေးနဲ့ လက်သည်းကို ခပ်လန်းလန်းလေး ပုံဖော်နိုင်မယ့် နည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ လက်သည်းနီကို ပုံမဖော်တတ်လို့ စိတ်ညစ်မနေပါနဲ့။ ကိုယ့်နားမှာ သတင်းစာစက္ကူနဲ့ အရက်ပျံရှိရင် လက်သည်းနီ ခပ်မိုက်မိုက်လေး ဆိုးလို့ရပါပြီ။ ကဲဆက်ကြည့်လိုက်ရအောင် .........


လိုအပ်တဲ့ပစ္စည်းတွေက လက်သည်းနီ အကြည်၊ ကိုယ်ကြိုက်နှစ်သက်တဲ့ လက်သည်းနီ အရောင်တစ်မျိုးမျိုး (ဥပမာ- ခဲရောင်၊ မီးခိုးရောင်)၊
နားဂျက်တံ (သို့) ဂွမ်းစ၊ သတင်းစာစက္ကူ (သို့) စာရေးထားတဲ့စက္ကူ .. ဒါလေးပဲ လိုအပ်ပါတယ်။

ပြုလုပ်နည်း
ပထမဦးဆုံး လက်သည်းနီအကြည်ကို အရင်ဆိုးလိုက်ပါ။

ပြီးရင် ကိုယ်ကြိုက်နှစ်သက်တဲ့ လက်သည်းနီ အောက်ခံအရောင်တမျိုးမျိုးကိုဆိုးပြီး ခြောက်တဲ့ထိထားပါ။ ခြောက်သွားပြီဆိုရင် အရက်ပျံကို ခွက်တစ်လုံးထဲလောင်းထည့်လိုက်ပါ။

ပြီးရင် လက်သည်းကို (၁၅)စက္ကန့်လောက် အရက်ပျံထဲမှာ နှစ်ပြီး စိမ်ထားပေးပါ။

ပြီးသွားရင်တော့ သတင်းစာစက္ကူအပိုင်းအစသေးသေးလေးကို လက်သည်းပေါ်မှာ ကပ်ပေးပါ။ (၁၀)စက္ကန့်လောက်ထားပြီးရင် ခွာလိုက်ပါ။ လက်သည်းမှာတင်မဟုတ်ဘဲ လက်ချောင်းဘေးနားတွေမှာ ပေကျံသွားတဲ့ လက်သည်းနီကို ဂွမ်းစ (သို့) နားဂျက်တံနဲ့ သန့်ရှင်းလိုက်ပါ။

နောက်ဆုံးမှာတော့ လက်သည်းနီအပေါ်မှာ အကြည်တစ်ထပ် ထပ်ဆိုးလိုက်ပါ။ ဒါဆိုရင် (၂)မိနစ်လောက်နဲ့ အထာကျကျလန်းလို့ရပြီပေါ့။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။