ဒေါသကို မထိန်းနိုင်တဲ့ လုပ်ရပ်ကြောင့် (၃)ယောက်လုံး ဇာတ်သိမ်း

ဒီဇင်ဘာ (၂၅)ရက်နေ့ ည(၁၁း၅၀)အချိန်မှာ ထိုင်းနိုင်ငံမြောက်ပိုင်း Lampang မြို့ရှိ နာမည်ကြီး စားသောက်ဆိုင်တစ်ဆိုင်မှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လူ(၃)ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။


ဖြစ်စဉ်မှာ အသက်(၂၀)ခန့်ရှိတဲ့ ကျောင်းသူလေး ဘွန်ရာဖွန်ဟာ Lampang မြို့မှာရှိတဲ့ နာမည်ကြီး စားသောက်ဆိုင် တစ်ဆိုင်မှာ သူငယ်ချင်းဖြစ်သူတွေနဲ့ ထိုင်နေစဉ် ကောင်မလေးရဲ့ ချစ်သူဖြစ်တဲ့ အသက် (၂၉)အရွယ် နာရန်ချိုင်းဆိုတဲ့ လူဟာ ကားဖြင့်လိုက်ရှာနေပြီး ရှာတွေ့တဲ့အခါမှာ အတင်းဆွဲခေါ်ကာ နှစ်ယောက်သား စကားများကြပါတယ်။


နောက်တော့ သူတို့နှစ်ယောက်ဖြစ်စဉ်ကို အစအဆုံးမြင်လိုက်တဲ့ အသက်(၃၈)နှစ်အရွယ် ဆိုင်ဝန်ထမ်းနဲ့ ကောင်မလေး သူငယ်ချင်းတွေက နောက်ကလိုက်သွားကြပါတယ်။ သူတို့ရည်ရွယ်ချက်က သူတို့နှစ်ယောက်ကို ဖြန်ဖြေပေးဖို့နဲ့ ကောင်မလေးကို ပြန်ခေါ်ဖို့ပါဘဲ။ ဒါပေမယ့် သူတို့တွေ အနားရောက်လာစဉ်မှာဘဲ ကောင်မလေးရဲ့ ချစ်သူဖြစ်သူ နာရန်ချိုင်းဆိုတဲ့ အမျိုးသားဟာ သေနတ်နဲ့ အနားကပ်လာတဲ့ ဆိုင်ဝန်ထမ်းကို ပစ်လိုက်ပါတယ်။ ချက်ချင်းဆိုသလိုဘဲ ဒေါသထွက်ထွက်နဲ့ သူ့ချစ်သူ ကောင်မလေးကိုပါ ပစ်လိုကပြီး သူ့ကိုယ်သူလည်း ဦးခေါင်းကို ပစ်ပြီး သတ်သေလိုက်ပါတယ်။


အဆိုပါ ပစ်ခတ်မှုကြောင့် ကျောင်းသူလေးနဲ့ ဆိုင်ဝန်ထမ်းဟာ ဆေးရုံသို့ အရေးပေါ်အခြေအနေဖြင့် တင်ထားရပြီး အခြေအနေ ဆိုးဝါးတယ်လို့ သိရပြီး ပစ်ခတ်သူ နာရန်ချိုင်းကတော့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ လူမှုကွန်ယက်တွေပေါ်မှာ ဝေဖန်မှုတွေ ဆဲဆိုမှုတွေရှိခဲ့ပါတယ်။

Link >>>>> https://www.facebook.com/KLPnewsLampang/videos/317709278836906/?t=0

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။