အစာအိမ်ထဲက အကြွေစေ့ (၂၆၃)စေ့နဲ့ သံချောင်း (၁၀၀) ရှိလို့ ခွဲစိတ်ခံရတဲ့ အမျိုးသား

အိန္ဒိယနိုင်ငံ၊ Satna မြို့မှာ နေထိုင်တဲ့ Maksood Khan တဲ့ အမျိုးသားဟာ သူ့ရဲ့ အစာအိမ် အလွန်အမင်းနာကျင်လွန်းတာကြောင့် ဆေးရုံကို သွားရောက်ပြသခဲ့ရာမှ ဝမ်းဗိုက်အတွင်းမှာ စုစုပေါင်း(၁၂)ပေါင်ခန့်ရှိတဲ့ အကြွေစေ့နဲ့ သံချောင်းတွေကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။


Maksood ဟာ သုံးဘီးကားမောင်းပြီး ရိုးသားစွာ နေထိုင်တဲ့ ဒရိုင်ဘာတစ်ဦးတစ်ဦးလည်းဖြစ်ပါတယ်။ “ လွန်ခဲ့တဲ့ တစ်လလောက်ကတည်း နာကျင်နေခဲ့တယ်လို့ သူ ပြောပါတယ်။ အထွေထွေစစ်ဆေးချက်တွေအပြီးမှာတော့ သူ့ရဲ့ အစာအိမ်နဲ့ ဝမ်းဗိုက်မှာ တစ်စုံတစ်ခုရှိမယ်လို့ ယူဆခဲ့မိပါတယ်။ သွေးလည်း အရမ်းကျနေပြီးတော့ တကယ့်ကို သေရေးရှင်ရေးနဲ့ သူရင်ဆိုင်ခဲ့ရတာပါ ” လို့ ခွဲစိတ်မှုကို ဦးဆောင်ခဲ့သူ ဒေါက်တာက ပြောခဲ့ပါတယ်။


နောက်ထပ် ဒေါက်တာက “ သူက ပုံမှန်မဟုတ်တဲ့ စားသုံးမှုတွေပြုလုပ်နေတယ်လို့ သူ့ရဲ့ မိသားစုဝင်တွေပြောကတည်းက တစ်စုံတစ်ခုတော့ မှားယွင်းနေပြီဆိုတာ ကျနော်တို့ သံသယဝင်ခဲ့မိတယ်။ ဒါကြောင့်မို့လို့ X-ray နဲ့ Ultrasound တွေနဲ့ ဝမ်းဗိုက်ကို စစ်ဆေးခဲ့တာပါ ” လို့ ထပ်ပြောခဲ့ပါသေးတယ်။


(၃)နာရီကြာမြင့်ခဲ့တဲ့ ဒီခွဲစိတ်မှုဟာ အောင်မြင်စွာအဆုံးသတ်နိုင်ခဲ့ပြီး သူ့ အစာအိမ်ထဲကနေ သံချောင်း (၁၀၀)ခန့်၊ အကြွေစေ့ (၂၆၃)စေ့နဲ့ nut bolt တွေလည်း တွေ့ခဲ့ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ (၂၄)နာရီလောက် သူသေမင်းနဲ့ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် အခုတော့ ဒီ အန္တရာယ်ဆိုးကြီးကနေ သူလွတ်မြောက်သွားခဲ့ပါပြီ။ ဒါပေမယ့်လည်း သူ့ရဲ့ အစာအိမ်ကို ပြန်ပြီးတော့ ကောင်းမွန်လာဖို့ကတော့ အချိန်ပေးရဦးမှာပါ။ သူ့ရဲ့ စအိုလမ်းကြောင်းထဲမှာလည်း အကြွေစေ့ (၂)ပြား (သို့) (၃)ပြားခန့် ကျန်နေသေးတယ် ” လို့ အခြားဆရာဝန် တစ်ဦးဖြစ်သူက ဆိုပါတယ်။


စမ်းသပ်မှု၊ ခွဲစိတ်မှုတွေ အပြီးမှာတော့ ဆရာဝန်တွေ ကိုယ်တိုင်လည်း အံအားသင့်ခဲ့ရတယ်လို့ ဆိုပါတယ်။ Maksood ကတော့ သူ့ရဲ့ အခြေအနေက အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်လာမယ်လို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။ Maksood ဟာ ဘာကြောင့် အကြွေစေ့တွေ၊ သံချောင်းတွေကို စားသုံးခဲ့လဲဆိုတာကို မသိရပေမယ့် သူဟာ သံတွေရဲ့ အရသာ၊ ဘလိတ်ဓားတွေရဲ့ အရသာကို နှစ်သက်နေတာမျိုး ဖြစ်နိုင်တယ်လို့ ဆရာဝန်တွေက မှတ်ချက်ချခဲ့ပါတယ်။

Video ကြည့်ရန် ............

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။