ကြည့်ရှု့သူ ၁၁ သိန်းကျော်သွားတဲ့ မြင်းခြံမြို့ရဲ့ ဂီတပါရမီရှင်ကလေးနှစ်ယောက်

ဂီတကိုရူးသွပ်လွန်းတဲ့ ကလေးလေးနှစ်ယောက်လို့ပြောရမလား ဂစ်တာ နဲ့ဒရမ်တီးတဲ့အတတ်ပညာဟာ သင်ယူဖိုလဲအချိန်များရှိလိုအပ်သလို ဆရာကျကျတီးခတ်ဖျော်ဖြေဖို့အတွက် ကြိုးစားအားထုတ်မူတွေများစွာလုပ်ရပါတယ်။ မြန်မာနိုင်ငံမြင်းခြံမြို့က ညီအကိုနှစ်ယောက်ကတော့ သူတိုရဲ့ကျွမ်းကျင်တတ်မြှောက်တဲ့ အနုပညာတီးခတ်မူတွေကို ပရိသတ်တွေအကုန်သိရအောင် ပထမဆုံးသူတိုရဲ့ကိုယ်ပိုင်သီချင်းလေးကိုတင်ခဲ့ပါတယ်။

">


သီချင်းနာမည်ကတော့ "တို့ပြည်ထောင်စု" ဖြစ်ပြီး sky boy နဲ့အတူရေးစပ်ခဲ့ပြီး ကိုယ်တိုင် တီးခတ်ကာသရုပ်ဆောင်ထားခဲ့ပါတယ်။ ကလေးလေးတွေအသံက မျိုးကြီးပေါက်စလေးတွေလိုပါဘဲ Pro ကျကျ တီးခတ်နိုင်လို့ လေးစားမိပြီးချီးကျူးမိပါတယ်။

ဖခင်ဖြစ်သူ့ကိုသဲအေးရဲ့ သင်ကြားမူအောက်မှာ ဒီကလေးလေး တကယ့်ပါရမီရှင်လေးတွေဘဲ ဖြစ်ပြီး သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘာကျော်တဲ့ ဂစ်တာသမား နဲ့ Drummer တွေထိ ဖြစ်လာဖို့ ဘဲလို့ပြောထားပါတယ်သူတိုရဲ့ ပထမဆုံးထွက်ရှိခဲ့တဲ့ သီချင်းလေးဟာ ခုလိုထိုးဖောက်အောင်မြင်ခဲ့လို ကလေးနှစ်ယောက်က အရမ်းဝမ်းသာကျေနပ်ပီတိဖြစ်နေကြပါတယ်.


သားတို့ရဲ့ပထမဆုံးကိုယ်ပိုင်သီချင်းကိုပရိတ်သတ်အများကြီးအားပေးကူညီတာမြင်ရတော့ဖခင်တယောက်ရဲ့ရင်ထည်းမှာပြောမပြတတ်အောင်ပီတိဖြစ်မိပါတယ်ဗျာ အားပေးကူညီကြတဲ့ပရိတ်သတ်ကြီးနှင့် ဒီသီချင်းမှာကိုယ်တိုင်စိတ်တိုင်းကျကူညီပေးတဲ့ကျေးဇူးရှင်ဆရာဦးအောင်လင်းနှင်ဒီသီချင်းအတွက်ကူညီပေးသူများကိုလေးလေးစားစားကျေးဇူးအထူးတင်ပါတယ်ဗျာ ပရိတ်သတ်ကြီးရဲ့ကျေးဇူးကိုလည်းလေးလေးစားစားတန်ဘိုးထားဂါရဝပြုပါတယ်ဗျာ နောက်ထပ်ကိုယ်ပိုင်သီချင်းတွေကိုရေးနေပါပြီ အားလုံးကျန်းမာချမ်းသာကြပါစေဗျ 

ကလေးလေးနှစ်ယောက်ကို အားပေးကြပါအုံး။ ပရိသတ်တို့ရေ

Sources - Thae Aye

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။