ဝိတ်ကျသွားတဲ့ superstar (5) ယောက်

အခုကျွန်တော်ပြမယ့် Hollywood star တွေဟာ တစ်ယောက်မှ လေ့ကျင့်ခန်းမလုပ်ပဲ ဆေးသောက်ပြီးပိန်သွားတာမဟုတ်ဘူး ..။ 

ပြေးတယ် ..၊ ရေများများသောက်တယ် ..၊ အသီးအရွက်စားတယ် ..၊ အိပ်ချိန်မှန်မှန်အိပ်ပြီး ညနေဘက်တိုင်း အားကစားလုပ်တဲ့သူတွေချည့်ပဲ ..။ သူတို့တွေတစ်ယောက်မှ ပိန်ချင်တယ်လို့အော်နေကြတာမဟုတ်ပါဘူး ..။

သူတို့ဖြစ်ချင်တာကို သူတို့ကိုယ်တိုင်အကောင်အထည်ဖော်သွားတာပါ ....။

( 1 ) Jordan Sparks

Jordan Sparks ကတော့ မြင်ရတဲ့ အတိုင်းပဲ အိုဗာဆိုဒ်ကနေ ခပ်ပြည့်ပြည့် အနေအထားလေးကိုရောက်သွားတယ် ..။

( 2 ) Drew Barrymore

Drew Barrymore ကို ပိတ်ကားထက်မှာ မမြင်ရတော့တာ ကြာပါပြီ ..။ မကြာသေးမီက သူမရဲ့ ခပ်ဖိုင့်ဖိုင့်ဖြစ်လာတဲ့ ဘော်ဒီကို ၆ လ လောက်အချိန်ပေးပြီး ဆော့လိုက်တဲ့ အခါမှာတော့ ....။

( 3 ) Sara Rue

Sara Rue က V shape ပုံစံမျက်နှာကျ နဲ့ ချစ်ဖို့ကောင်းသူပါ ..။ သူမကတော့ ညနေတိုင်း Work out လုပ် ...၊ ရေကူးတာနဲ့ ..၊ အသီးအရွက်သုပ်အပြင် ..၊ ရေကိုအချိန်တိုင်းလိုလို သောက်ဖြစ်တယ် လို့ဆိုတယ်။

( 4 ) Melissa Joan Hart

Melissa Joan Hart ကတော့ ဖြည့်စွက်အစာတွေတစ်ခုမှမစားပဲ .. မနက်တိုင်းစောစောထ၊ အပြေးလေ့ကျင့်ခန်းလုပ်တာ၊ စက်ဘီးစီး၊ တောင်တက်တာနဲ့ ရေကူးတာတွေကို ပုံမှန်လုပ်ပါတယ် ..။

( 5 ) Tami Roman

ကလေး တစ်ယောက်မွေးအပြီး ဝတုတ်လာတဲ့ Tami Roman ကတော့ သူမရဲ့ နဂိုခန္ဓာကိုယ်
သေးသေးသွယ်သွယ် လေးပြန်လည်ရရှိဖို့ အပြင်းအထန် ကြိုးစားနေရတုန်းပဲလို့ဆိုတယ် ..။ အခုလက်ရှိခန္ဓာကိုယ်
အနေအထား ကိုလည်း သဘောမကျသေးပါဘူးတဲ့ ..။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။