အင်ဒို ဆူနာမီအတွင်းအရက်စက်ဆုံးရွေးချယ်မှုကြီးတစ်ခုနဲ့ရင်ဆိုင်ခဲ့ရသူ

ပြီးခဲ့တဲ့ နှစ်ပတ်ကျော်လောက်က အင်ဒိုနီးရှားနိုင်ငံမှာ တိုက်ခတ်ခဲ့တဲ့ ဆူနာမီလှိုင်းကြီးထဲ လူတော်တော်များများသေကြေပျက်စီးခဲ့ရသလို အပျက်အစီးတွေလည်းအရမ်းများပြားခဲ့ပါတယ်။

ကိုယ်ချစ်တဲ့သူတွေ၊ မိသားစုတွေနဲ့ကွဲကွာရတဲ့အတွက် အရမ်းဝမ်းနည်းဖို့ကောင်းတဲ့အဖြစ်အပျက်ကြီးပါ။ အဲဒီအထဲကမှာ အူဒင် အာဟော့ခ် ဆိုတဲ့အမျိုးသားရဲ့အဖြစ်ကတော့ အရမ်းဝမ်းနည်းပြီး ရင်နာစရာလည်းကောင်းလွန်းပါတယ်။

ဆူနာမီ တိုက်ခတ်တဲ့ညက သူတို့မိသားစုလေး အပြင်အနီးအနားက ဒေသခံတွေဟာ ဘာသတိပေးချက်မှမရခဲ့ပါဘူး။ စိတ်ချလက်ချအိပ်ယာဝင်ပြီးချိန်မှာတော့ မကြာခင်ဆူနာမီလှိုင်းကြီးရဲ့ ရုတ်တရက်ရိုက်ခတ်ခြင်းကိုခံခဲ့ရပါတယ်။
လှိုင်းကြီးရဲ့ ဒဏ်ကြောင့် အိမ်တစ်ဝက်လောက်က ပြိုကျသွားခဲ့ပြီး သူတို့တွေလည်း ရေထဲကိုရောက်သွားခဲ့တယ်။ သူဟာ သူ့ရဲ့အသက် ၇၀ အရွယ်မိခင်အိုကြီးကို သွားရောက်ကယ်ဆယ်ဖို့လုပ်နေတဲ့အချိန် ရေနစ်ခါနီးဖြစ်နေတဲ့ မိန်းမဖြစ်သူ နဲ့ တစ်နှစ်အရွယ်ကလေးလေးကို မြင်ခဲ့ရတယ်။

အဲ့ဒါကြောင့် သူဟာ ကြိုးစားပြီး ဇနီးသည်ဆီကို ပြန်ကူးခဲ့တယ်။ ဇနီးသည်ကို ဆယ်ယူလိုက်ချိန်မှာတော့ သူ့အမေအိုကြီး နဲ့ သားလေး ကတော့ လှိုင်းတွေအောက်ကို နစ်မြုပ်သွားခဲ့ပါပြီ။
ခက်ခဲပြီး ရက်စက်လွန်းတဲ့ ရွေးချယ်မှုကြောင့် သူအရမ်းနောင်တရနေပါတယ်။ နောက်ဆုံးအနေနဲ့ သူအရမ်းချစ်တဲ့ ကွယ်လွန်သူတွေ ဘုရားသခင်ရဲ့အရိပ်အောက်မှာ ငြိမ်းချမ်းနိုင်ပါစေ လို့သာ ဆုတောင်းပေးနိုင်ခဲ့ပါတယ်။

Gabriel
Source : most hardest and tragic decision by Channelnewsasia

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။