၂၀၁၉ ကစပြီး ၁၀ တန်းဖြေကျောင်းသား၊ ကျောင်းသူတွေကို အထက်တန်းပြီးဆုံးကြောင်းလက်မှတ်ပေးမည်

၂၀၁၉ - ၂၀၂၀ ပညာသင်နှစ်ကနေ စပြီး ( ၁၀ ) တန်းဖြေဆိုမယ့် ကျောင်းသား၊ ကျောင်းသူတွေကို High School Complete Certificate ( အထက်တန်းအဆင့်ပြီးဆုံးကြောင်းအသိအမှတ်ပြုလက်မှတ် ) ထုတ်ပေးတော့မှာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

အသိအမှတ်ပြုလက်မှတ်ဟာ တက္ကသိုလ်ဝင်ခွင့် အောင်ခြင်း၊ ကျခြင်း နဲ့ သက်ဆိုင်မှာမဟုတ်ပဲ ( ၁၀ ) တန်းကို ပြီးဆုံးအောင်တက်ရောက်ခြင်း အသိအမှတ်ပြုတဲ့လက်မှတ်ဖြစ်တယ်လို့လည်းသိရပါတယ်။ အကြောင်းကတော့ အသိအမှတ်ပြုလက်မှတ်မရှိတဲ့အတွက် အလယ်တန်းအောင်အဖြစ်ပဲသတ်မှတ်ခံရတဲ့အခါ နစ်နာမှုတွေရှိစေနိုင်လို့ဖြစ်တယ်လို့သိရပါတယ်။

တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွေကို ပုံစံ၊ စနစ်သစ်ဖော်ဆောင်ဖို့ လုပ်ဆောင်နေဆဲဖြစ်ပြီး အချိန်အတိုင်းတာတစ်ခုအထိတော့ စောင့်ပေးရမှာဖြစ်တယ်လို့လည်းသိရပါတယ်။

Gabriel
Source : Ministry of Education Myanmar





we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။