
တရားဝင်ချစ်သူတွေဖြစ်သွားခဲ့ကြတဲ့ Jennie နဲ့ Kai
တောင်ကိုရီးယားရဲ့ နာမည်ကြီး IDOL အဖွဲ့တွေဖြစ်ကြတဲ့ BLACKPINK အဖွဲ့ဝင် Jennie နဲ့ EXO အဖွဲ့ဝင် Kai တိုနှစ်ယောက်ရဲ့ Dating သတင်းကတော့ 2019 ရဲ့ ပထမဆုံးရက်မှာပင် တောင်ကိုရီးယားတစ်ခုလုံးကို ပွက်လောရိုက်စေခဲ့ပါတယ်။
သူတို့နှစ်ယောက်က ဆိုင်ရာ အေဂျင်စီမသိရအောင် တိတ်တိတ်လေးချစ်သူတွေဖြစ်ခဲ့ကြပြီး Dating လုပ်ခဲ့ကြတာကို Korea ရဲ့ Dispatch Media က အမိအရနဲ့ နှစ်ယောက် ဓာတ်ပုံတွေကို အားလုံးသိအောင် အခုလိုဘဲ ဖော်ထုတ်ခဲ့တာဖြစ်တယ် ။
ဒီသတင်းစစသိချင်းမှာ နှစ်ဖက်စလုံးရဲ့ အေဂျင်စီကလဲ အတည်မပြုသေးတာဖြစ်လို့ EXO L တွေနဲ့ BLINKS အတော်များများက အတည်ပြုချက်ကိုစောင့်ဆိုင်းခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ SM Ent ကရော YG Ent ကပါ သူတိုနှစ်ယောက် ချစ်သူတွေ ဖြစ်နေကြပါတယ်လို့ အတည်ပြူခဲ့ပြီဖြစ်သလို တရားဝင်လက်တွဲခွင့်ရနေပြီဖြစ်ပါတယ်။ သူတိုပရိသတ်တချိုကတော့ စိတ်မကောင်းဖြစ်ကြသလို တချို့ကလဲ ချစ်ရတဲ့သူပျော်သလို ကျေနပ်ခဲ့ရပြီး ဝမ်းသာဂုဏ်ပြုပေးခဲ့ကြပါတယ်။
2019 နှစ်သစ်ရဲ့ IDOL Couple ဖြစ်ခဲ့ပါပြီ
Congratulations ပါနော် ..။
Sources- Dispatch / koreaboo
we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။