ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုလိုက်ပါလာတဲ့ ကားတန်း မိုင်းခွဲတိုက်ခိုက်ခံရပြီး ကားတစ်စီးပျက်စီး

ဇန်နဝါရီ ၁ ရက်နေ့ ညနေပိုင်းက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုလိုက်ပါလာတဲ့ ကားတန်းဟာ မိုင်းခွဲတိုက်ခိုက်ခံရပြီး ခရိုင်အုပ်ချုပ်ရေးမှုး ရဲ့ ကားပျက်စီးသွားတယ်လို့သိရပါတယ်။

ကျောက်ဖြူမြို့ကနေ ပြန်လာတဲ့ ဝန်ကြီးချုပ်ရဲ့ ကားတန်းဟာ မြောက်ဦးမြို့အဝင်မှာ အခုလိုမိုင်းထိခဲ့တာဖြစ်ပြီး စုစုပေါင်း မိုင်း ( ၃ ) လုံးထိမိခဲ့တာဖြစ်ပါတယ်။ ဝန်ကြီးချုပ် နဲ့ အရာရှိတွေထိခိုက်တာမရှိပေမယ့် ခရိုင်အုပ်ချုပ်ရေးမှုး ရဲ့ကားကတော့ တော်တောပျက်စီးသွားတယ်လို့သိရပါတယ်။ ဒါပေမယ့် လူတွေတော့တစ်ယောက်မှ ထိခိုက်ဒဏ်ရာရတာမျိုးမရှိပါဘူး လို့သိရပါတယ်။

Gabriel

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။