ခန္ဓာကိုယ်ထဲက သန်ကောင် တုတ်ကောင်တွေကို လျှော့မတွက်ပါနဲ့

ခန္ဓာကိုယ်ထဲမှာ ရှိနေတတ်တဲ့ တုတ်ကောင်သန်ကောင်တွေ နဲ့ပတ်သက်သမျှဟာ အမေရိကန်မှာတော့ ကူးစက်ရောဂါအဆင့်အထိ သတ်မှတ်ထားပါတယ်။

အမေရိကန်လူမျိုး ၈၅% ရဲ့ ဝမ်းထဲမှာ တုတ်ကောင်သန်ကောင် ပိုးများ ကူးစက်ခံနေရပါတယ် ။ ဒါကြောင့်မို့ ဆေးပညာရှင်တွေက ခြောက်လတစ်ခါ သန်ချဖို့ ၊ စားသောက်ဆိုင်ရွေးစားဖို့နဲ့ အိမ်မွေးတိရစ္ဆာန်လေးများကို ကိုင်တွယ်ပြီးတဲ့ အခါတိုင်း သေချာဆေးကြောဖို့ အကြံပေးထားပါတယ်။

ဖြစ်ချင်တော့ ခန္ဓာကိုယ်ထဲက ကပ်ပါးပိုးကောင်

တွေနဲ့ပတ်သတ်လို့ ဆရာဝန် တော်တော်များများ သေသေချာချာ မလေ့လာထားကြပါဘူး ။ အလွန်အရေးကြီးတဲ့ အဆင့်ရောက်ပြီး ကပ်ပါးကောင် သန်ကောင်တွေကို မျက်စိနဲ့ တတ်အပ် မြင်ရလောက်တဲ့ အခြေအနေကျမှသာ သိကြရတာပါ ။

လူတိုင်းဟာနေ့စဉ်ဘဝ လူနေမှု မှာ ကပ်ပါးကောင်များ ခန္ဓာကိုယ်တွင်း ဝင်ရောက်ကူးစက်နိုင်ခွင့်နဲ့ အမြဲကြုံတွေ့နေကြရပါတယ်။ ဒါပေမယ့် လူတော်တော်များများကတော့ ပုံမှန်ပဲလို့ မှတ်ယူတတ်ကြပါတယ်။ ကပ်ပါးကောင် သန်ကောင်တွေကြောင့် မအီမသာဖြစ် တာတွေကိုလဲ

နေ့စဉ်ဘဝမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သာမန် နေမကောင်းတာတွေလို့ပဲ မှတ်ယူခဲ့ကြပါတယ်။

ကပ်ပါးကောင် သန်ကောင်တွေကြောင့် ကိုယ်တွင်းအခြေအနေ ပျက်စီးခြင်းက အတိုင်းအဆ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သန်ကောင်အမျိုးအစား တော်တော်များများရဲ့ အရွယ်ပမာဏဟာ အလွန်သေးငယ်ပြီး ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမျိုးမဆိုု

အသားငံရေ သွေးတို့ကတဆင့် ခရီးပေါက်နိုင်ကြပါတယ်။

ကပ်ပါးသန်ကောင်တွေဟာ လူတွေရဲ့ အာဟာရတွေကိုလဲ စားသုံးကြပါတယ်။ အရေပြားရောင်ရမ်း ယားနာခြင်းတွေကလဲ ကပ်ပါး

သံကောင်တွေကြောင့် ဖြစ်ပါတယ် ။ ဒါကြောင့်ဒီလိုယားယံမှုမျိုးတွေဟာ ကပ်ပါး

သန်ကောင်တွေကို မနှိမ်နှင်းဘဲနဲ့ မပျောက်နိုင်ပါဘူး ။ တစ်ချို့ကတော့ ကုသမရဘူးလို့ ထင်မြင်ယူဆကြပြီး autoimmune disorder ခုခံအားစနစ်ယိုယွင်းခြင်းလို့ ခေါင်းစဉ်တတ်ကြပါတယ်။

Heart worms:

ဒီလိုသန်ကောင်အမျိုးစားကတော့ လူ့ခန္ဓာကိုုယ်ထဲမှာ တွေ့ရဖို့ အလွန်အမင်း ရှားပါးပါတယ်။ တကယ်လို့ တွေ့ရပြီဆိုရင်လဲ နှလုံးထဲမှာထက်

အဆုတ်ထဲမှာ တစ်ကောင်တည်း တွေ့ရလေ့ရှိပါတယ်။ ဒီလိုကောင်တွေဟာ လူတစ်ယောက်ကနေ တစ်ယောက်ကို မကူးတတ်ပါဘူး။ ခြင်ကိုက်ခံရတာကနေ ကူးစက်နိုင်ပါတယ်။

Tape worms:

ဒီလို သံကောင်တွေကတော့ အမဲသား ငါး ဝက်သားစတဲ့ အသားတွေကို စားသုံးရာကနေ ကူးတတ်ပါတယ်။ အထူးသဖြင့် သေချာစွာ မကျက်ရင် ပိုဖြစ်နိုင်ပါတယ်။ အောက်ဘက်ရှိ အူတွေထဲမှာ နေကြတာများပါတယ်။

မကူးစက်နိုင်အောင် အသားငါးတွေကို လက်အိတ်နဲ့ ကိုင်တွယ်ဆေးကြောပြီး လက်ကို ဆပ်ပြာနဲ့ပြောင်စင်အောင် ပြန်ဆေးသင့်ပါတယ်။

Pin worms:

တုတ်ကောင်လို့ ခေါ်ပြီး အူတွေနဲ့ အဆုတ်ထဲမှာ ခိုအောင်းနေလေ့ ရှိပြီး ညအချိန်ကြရင် စအိုဝကို ဥများဥချဖို့ ဆင်းလာလေ့ရှိပါတယ်။ ဥကပြန်ပေါက်တဲ့ အကောင်သေးလေးတွေက စအိုထဲကနေ ခန္ဓာကိုယ်ထဲ ပြန်ဝင်ကြပါတယ်။

ညအခါ စအိုဝယားလို့ လက်နဲ့ ကုတ်မိတဲ့အခါ လက်သည်းထဲမှာ ဥတွေ ပါလာတတ်ပြီး ထိုလက်နဲ့ ထိတဲ့ မည်သည့်နေရာမဆို ဥများ ပြန့်နှံ့ကျန်နေတတ်ပါတယ်။ လေထဲမှာ လွင့်နိုင်လောက်တဲ့အထိ ဥများက သေးမွှားပါတယ်။ အသက်ရှူ တဲ့အခါလဲ ဝင်ရောက် ပါသွားနိုင်ပါတယ်။ ဒါကြောင့် အဆုတ်ထဲအထိ ရောက်ရှိအသက်ရှင်နိုင်ပါတယ်။

Hook worms and thread worms:

ဒီအမျိုးအစားကတော့ သောက်ရေ မသန့်ရှင်းတာကနေ ကူးစက် တတ်ပါတယ်။ ဒါမှမဟုတ် ခြေထောက်ကနေ တဆင့်ကူးစက်လာတတ်ပါတယ်။ အရွယ်အားဖြင့် အလွန်သေးငယ်ပြီး ခြေဗလာရဲ့ အရေပြား

ကနေ ခန္ဓာကိုယ်ထဲအထိ အရေပြားမှာ ပြတ်ရှရာ မရှိဘဲနဲ့ကို ဝင်ရောက်နိုင်ပါတယ်။

ဒါကြောင့်မို့ သန့်ရှင်းတဲ့ ဖိနပ်ကို အမြဲဝတ်ထားဖို့ လိုအပ်ပါတယ်။ ဒီကပ်ပါး သန်ကောင်အမျိုးအစားက နှစ်ပေါင်းများစွာ အသက်ရှင်နေနိုင်ပါတယ်။ ဥများကိုလဲ

ဆယ်နှစ်အထိ ဥချနိုင်ကြပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။