နှစ်ယောက်အတူ စပ်ထိုးထားတဲ့ ထီပေါက်သွားလို့ အလှူလုပ်သွားမယ့် နန်းဆုတို့စုံတွဲ

2019 ရဲ့ နှစ်သစ်အစမှာတော့ အနုပညာရှင် ဆယ်လီတွေရဲ့ ကောင်းသတင်းတွေ ဆက်တိုက်ကို ကြားနေခဲ့ရတာပဲနော်။.. နှစ်အတော်ကြာလက်တွဲခဲ့ပြီး အခုထိလဲ အရမ်းကိုချစ်နေကြတဲ့ အဆိုတော် G-Fatt နဲ့ နန်းဆုရတီစိုး တို့ကတော့ 2019 မှာ စပ်တူထိုးထားခဲ့တဲ့ ထီပေါက်ခဲ့တာဖြစ်ပါတယ်။



ထီငါးသောင်းပေါက်သွားခဲ့တဲ့အတွက် တစ်ယောက်နဲ့တစ်ယောက် အခုလို တိုင်ပင်နေကြတာကိုလဲ တွေရမှာပါ။


သူတိုနှစ်ယောက်အတွဲလေးကတော့ ဆက်တိုက်ကိုကံကောင်းခြင်းတွေရရှိနေတာလား.. ချစ်သူရဲ့ surprise လုပ်တာကိုလဲ New Year ညမှာ အရမ်းကိုပျော်ရွင်ခဲ့ရပါသေးတယ်။
နန်းဆုကတော့ G Fatt ရဲ့ မွေးနေမှာ အမှတ်တရအနေနဲ့  ချစ်စရာကောင်းတဲ့ Husky ခွေးပေါက်စလေးတစ်ကောင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။



” New Year Show အတွက် သီချင်းတိုက်နေတုန်း ..သူSurprise လာလုပ်ပေးတာ .. တကယ့်ကို အမှတ်တရ ည ပါပဲ .. သူ့ကို ကူညီပေးခဲ့ကြတဲ့ သူငယ်ချင်းတွေကိုလဲ ကျေးဇူးများစွာ တင်ရပါတယ် .. ကမ္ဘာမှာကံအကောင်းဆုံးလူသားလို့ ကိုယ့် သူငယ်ချင်းတွေကို ပတ်ကြွား လိုက်တယ်  ” ဆိုပြီး ရေးသားခဲ့တာပါ။
”ဒီနှစ်အတွက် အရမ်းလိုချင်တဲ့လက်ဆောင်လေးရလို့အရမ်းပျော်
အရမ်းချစ်ရမယ့်သူတယောက်တိုး Thank u love  အချစ်ဆုံးသမီးလေး ” ဆိုပြီး ချစ်စရာသမီးလေးရလို့ ပျော်နေတဲ့အကြောင်းလေး ရေးသားထားတာ တွေ့ရပါတယ်။



2018 အဆုံးသတ်မှာလဲ ပျော်ရွင်နေကြသလို နှစ်သစ်မှာလဲ သူတိုအရမ်းကို ကံကောင်းခဲ့တာပါ..။



we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။