ဝန်ထမ်းတွေကို ရွှေဆွဲကြိုးတစ်ကုံးစီ လက်ဆောင်ပေးလိုက်တဲ့ အလုပ်ရှင်

တစ်ဦးက မေတ္တာ၊ တစ်ဦးက စေတနာနဲ့မို့ မြင်ရသူတိုင်း ဝမ်းသာပီတိဖြစ်ရစေတဲ့ မြင်ကွင်းလေးဖြစ်မယ်ဆိုတာ အထူးပြောစရာ မလိုတော့ပါဘူး။ သာမာန်အားဖြင့် အလုပ်ရှင်က ကိုယ့်အလုပ်သမားတွေကို နှစ်သစ်ကူးလက်ဆောင်အနေနဲ့ မုန့်ဖိုးသာ ပေးနေတဲ့ ယနေ့ခေတ်ကြီးမှာ တစ်ယောက်ကို ရွှေဆွဲကြိုးတစ်ကုံးလက်ဆောင်ပေးတယ်ဆိုတာကတော့ တကယ့်ကို ကြီးမားလှတဲ့ စာနာလှတဲ့ မေတ္တာအစစ်အမှန်ဆိုတာ စာဖတ်သူတွေလည်း တွေးထင်မိမှာပါ။


ကိုယ့်ကို မှီခိုပြီး ရပ်တည်နေရတဲ့ အလုပ်သမားတွေကို ကိုယ်ကြိူးမငဲ့ဘဲ ပေးဝေလိုစိတ်ကြောင့် အလုပ်သမားတွေ ပျော်နေကြတဲ့ မြင်ကွင်းက စိတ်ချမ်းဖို့ကောင်းလှပါတယ်။ ဒါက အန်တီဝင်းကုန်စည်ပို့ဆောင်ရေး မိသားစုရဲ့ တစ်ပေါ်တစ်ဦးထားတဲ့ မေတ္တာစေတနာတွေပေါ့နော်။ ကျနော့်လိုပဲ အပျော်တွေ ကူးစက်နိုင်အောင် အောက်မှာ ဝမ်းသာပီတိဖြစ်နေကြတဲ့ ဝန်ထမ်းတွေရဲ့ ရိုးရှင်းလှတဲ့ မျက်နှာလေးတွေ ကြည့်လိုက်ပါဦး …..

မြင်တွေ့ရသူတိုင်း အပျော်တွေ ကူးစက်စေပြီး ထပ်တူထပ်မျှ ဝမ်းသားမိပါတယ် ..............

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။