အက်စစ်နဲ့ ပက်ခံရပေမယ့် မယံနိုင်လောက်အောင် ပြောင်းလဲခဲ့တဲ့ကျောင်းသူလေး

ယနေ့မျက်မှောက်ခေတ်မှာ မကျေနပ်လို့၊ သဘောမကျလို့၊ မနာလိုလို့ စတဲ့အကြောင်းပြချက်တွေကြောင့် အက်စစ်နဲ့ ပတ်သက်တယ်ဆိုတာ မရှိသလောက်ကို ရှားသွားပါပြီ။ တကယ်လို့ အက်စစ်နဲ့ အပက်ခံလိုက်ရတဲ့ လူက အနာတွေကျက်သွားခဲ့ရင်တောင် လူကြားထဲ မသွားရဲလောက်အောင် အမာရွတ်တွေ အများကြီးကျန်ခဲ့စေမှာပါ။ ဒါပေမယ့် ကျောင်းသူလေး တစ်ယောက်ကတော့ အက်စစ်နဲ့ အပက်ခံရဦး (၂)လအကြာမှာ လူတွေ ဘယ်လိုမှ မယုံနိုင်လောက်အောင်ကို ပြောင်းလဲနေမှုကြောင့် ဆိုရှယ်မီဒီယာတွေမှာ အတော်လေး အံ့သြမှုတွေ ဖြစ်စေခဲ့ပါတယ်။


သူမနာမည်က Resham Khan လို့ခေါ်ပြီး သူမ ညီမတဝမ်းကွဲလေးကတော့ Jameel Muhktar လို့ခေါ်ပါတယ်။ တနေ့တော့ လန်ဒန် အရှေ့ပိုင်း Beckton မှာ မီးပွိုင့်မိနေတုန်း လူတစ်ယောက်က ကားပြတင်းပေါက်ကနေ ရုတ်တရက်အက်စစ်နဲ့ ပက်လိုက်ခြင်းကြောင့် မျက်နှာရော၊ ခန္ဓာကိုယ်တွေပါ ရစရာမရှိလောက်အောင် ဆုတ်ပြတ်သွားခဲ့ပါတယ်။


Khan ရဲ့ ပြောပြချက်တွေအရတော့ သူမဟာ လန်ဒန်ကို သူမမွေးနေ့အတွက် အလည်လာခဲ့တာဖြစ်ပြီး ကားပေါ်မှာ သီချင်းအေးဆေး နားထောင်နေတုန်း လူတစ်ယောက်ရောက်လာကာ ကားပြတင်းပေါက်ကနေ သူမတို့ ညီမနှစ်ယောက်လုံးကို အက်ဆစ်နဲ့ပက်သွားခဲ့တာလို့ ပြန်ပြောပြပါတယ်။


Khan တို့ ညီမနှစ်ယောက် အက်စစ်နဲ့ ပက်ခံရပြီးတဲ့နောက်မှာ ဘေးပတ်ဝန်းကျင်မှ လူတွေက ချက်ချင်း အရေးပေါ်ကားတွေခေါ်ပေးတဲ့ အပြင် ရဲတွေဆီကိုပါ ချက်ချင်းအကြောင်းကြားပေးခဲ့ကြပါတယ်။

သိပ်မကြာခင်မှာဘဲ အက်စစ်နဲ့ ပက်တဲ့ တရားခံကို ဖမ်းမိခဲ့ပြီး ၎င်းအမည်ကတော့ John Tomlin အသက်(၂၅)နှစ်လို့ သိရပါတယ်။


Khanက  “ ကျမမျက်နှာကို မှန်ထဲကြည့်ပြီး အရမ်းစက်ဆုပ်ခဲ့တယ်။ ဘယ်ကိုမှ မသွားရဲလောက်အောင်ပဲ။ အကြောက်တရားတွေရော၊ ဝမ်းနည်းစိတ်တွေပါ ကျမကို လွှမ်းခြုံထားခဲ့တယ် ” လို့ သူမရဲ့ လူမှုကွန်ယက်အကောင့်မှာတင်ထားခဲ့ပါတယ်။

ဒါပေမယ့် (၂)လကြာပြီးနောက်မှာတော့ အင်္ကျီအသစ်နဲ့ သူမရဲ့အနာဆာကင်းမဲ့မျက်နှာကို ပြန်တွေ့လိုက်ရပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သိချင်တဲ့လူတွေ အရမ်းကိုများသွားခဲ့ပေမယ့် သူမကတော့ ပြန်လည်ဖြေရှင်းထားခြင်း၊ ရှင်းပြထားခြင်းမျိုးမရှိပါဘူး။ လူတွေ အများဆုံးကတော့ မိတ်ကပ်ရဲ့ အစွမ်းတွေလို့ ယုံကြည်ထားကြပြီး တချို့ကတော့ ပြန်လည်ပြုပြင်ထားတယ်လို့ ပြောကြပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။