ချိုင်းမဲတာကို ရိုးရှင်းစွာ ဖြူအောင်လုပ်နည်း

ချိုင်းမဲခြင်းကို ပျောက်အောင်လုပ်လို့ရတဲ့ နည်းတွေထဲကမှ ရိုးရိုးရှင်းရှင်းလေးနဲ့ လွယ်ကူတဲ့နည်းလေးကို တင်ပေးလိုက်ပါတယ်။ အမျိုးသားတွေအတွက်တော့ အနည်းအကျဉ်းသာလိုအပ်ပေမယ့် အမျိုးသမီးတွေအတွက်ကတော့ အထူးလိုအပ်မယ်လို့ ထင်ပါတယ်။ လိုင်းကားစီးတဲ့အခါ၊ အမြင့်မှ ပစ္စည်းယူတဲ့အခါ၊ လေ့ကျင့်ခန်းလုပ်တဲ့အခါတွေမှာ ကိုယ့်ရဲ့ ချိုင်းက မဲနေမယ်ဆိုရင် ဘယ်လိုမှကို ကိုယ့်ကိုယ်ကို Confidence ရှိမှာ မဟုတ်ပါဘူး။

ကဲ .. ဒါဆိုရင် ဘယ်လိုမျိုး ချိုင်းမဲတာကို ပျောက်အောင်လုပ်ရမလဲဆိုတော့ …

(၁) သံပုရာသီး


အရင်ဆုံး သံပုရာသီး တစ်ခြမ်းဖြင့် (၅)မိနစ်ခန့်ကြာအောင် မိမိ ချိုင်းကို ပွတ်တိုက်ပေးပါ။ အချိန်ပြည့်သွားတဲ့အခါကျမှ ရေသန့်သန့်နဲ့ စင်ကြယ်အောင် ပြန်ဆေးပေးပါ။ တစ်ရက်ကို အနည်းဆုံး (၂)ကြိမ် (သို့) (၃)ကြိမ်လုပ်ပေးသင့်ပါတယ်။ သံပုရာသီးမှာ ပါဝင်တဲ့ ဓာတ်တွေကြောင့် ချိုင်းမဲတာတွေတင်မကဘဲ တံတောင်ဆစ်တွေ၊ ဒူးဆစ်တွေ မဲနေရင်လည်း ပျောက်ကင်းသွားအောင် ပွတ်တိုက်လို့ ရပါသေးတယ်။

(၂) အုန်းဆီ၊ မုန့်ဖုတ်ဆော်ဒါ၊ သံပုရာရည်


အုန်းဆီက အသားအရည်ကို ကြည်လင်စေပြီး စိုပြေမှုကို အားပေးတယ်။ မှုန့်ဖုတ်ဆော်ဒါက ဆဲလ်အသေတွေကို တိုက်ထုတ်ပေးတယ်။ နောက်ပြီးတော့ သံပုရာရည်ကလည်း အသားဖြူစေပါတယ်။ အရင်ဆုံး အုန်းဆီ (၃)ဇွန်း ၊ သံပုရာရည် (၁)ဇွန်း ၊ မှုန့်ဖုတ်ဆော်ဒါ အနည်းငယ်ကို သမအောင် မွှေပြီး ထူထူပြစ်ပြစ်လေး ဖြစ်အောင် လုပ်ပါ။ အဲ့နောက်မှာ မိမိချိုင်းကို (၂)မိနစ် (၃)မိနစ်ခန့်လောက် လိမ်းထားပြီး နှိပ်နယ်ပေးပါ။ အရေးကြီးတာတစ်ခုက ရေမချိုးခင်တိုင်း ပြုလုပ်ပေးရမှာဖြစ်ပြီး ရေချိုးတဲ့အခါမှာလည်း မိမိချိုင်းကို သေသေချာချာသန့်ရှင်းအောင် ပြန်ဆေးပေးဖို့ လိုအပ်ပါတယ်။

(၃) နနွင်း၊ နွားနို့


အရင်ဆုံး နနွင်းမှုန့် စားပွဲတင်ဇွန်း (၁)ဇွန်းကို နွားနို့ (၁)နဲ့အတူ ပျစ်ပျစ်လေးရောနှောကာ သမအောင် မွှေပေးပါ။ ပြီးရင်တော့ မိမိ ချိုင်းကို လိမ်းပေးပြီး မိနစ် (၂၀) မှ (၃၀)အထိ ခြောက်တဲ့အထိထားပါ။ ပြီးမှ ရေသန့်စင်ပါ။

ကဲ …. ဒါဆို မတ်မတ်တွေ၊ ညယ်မလေးတွေလည်း လူအများကြားမှာ ချိုင်းမဲလို့ ရှက်ကြောင်နေစရာမလိုဘဲ ရဲရဲဝင်ဝင့်ရှိသွားပြီး အရင်ထက်ပို စွံပါစေ။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။