မွေးနေမှာ ကိုယ်ချစ်တဲ့သူတွေဆီကနေ မွေးနေ့ဆုတောင်းမရခဲ့တဲ့ ဇေရဲထက်

မိန်းကလေးပရိသတ်တွေ ဝန်းရံအားပေးတာခံရတဲ့ မြန်မာပြည် ရဲ့ မင်းသားချောလေး ဇေရဲထက်ကတော့ ဒီနေ့ January 5 ရက်နေ့မှာဘဲ သူရဲ့ အသက် ၃၁ နှစ်ပြည့်မွေးနေကို ကျရောက်ခဲ့ပြီဖြစ်ပါတယ်။ မွေးနေမရောက်ခင်ကတည်းက ကြိုတင်ပြီး မွေးနေပွဲပြုလုပ်ကြတဲ့ အကိုညီမတွေကြောင့်လဲ ပျော်ရွင်ခဲ့ရသလို ချစ်ပရိသတ်တွေရဲ့ မွေးနေဆုတောင်းတွေကြောင့်လဲ အတိုင်းမသိပျော်ရွင်ခဲ့ရပါတယ်။

ဒါပေမဲ့ သူအတွက် စိတ်မကောင်းစရာတစ်ခုကတော့ သူချစ်တဲ့ လူတစ်ချို့ဆီကနေ မွေးနေဆုတောင်းကို မရခဲ့တဲ့ အတွက် စိတ်မကောင်းဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ 


သူရဲ့ မွေးနေမှာလဲ ဘုရားသွားပြီးဆုတောင်းခဲ့တာကို သူရဲ့ စာမျက်နှာပေါ်မှာ တင်ခဲ့သေးတယ်။


အားလုံးကောင်းသောမင်္ဂလာပါးးးး ကျနော့်အတွက်မွေးနေ့ဆုတောင်းပေးကြသော ၇ရက်သားသမီးများအားလုံး ပြည်သူပြည်သားအားလုံး အရာခပ်သိမ်းအလုံးစုံသော ချမ်းသာမှု့တွေနဲ့ ပြည့်စုံကြပါစေမကောင်းသောအချိန်နေ့ရက်စက္ကန့်မကောင်းသောလူမကောင်းသောအရာမှန်သမျှတပည့်တော်ဘေးကနေတပည့်တော်ဆီကနေ အဝေးကို ရောက်ရှိသွားအောင်ဖယ်ရှားပေးပါဘုရား

အရမ်းလဲ စိတ်ကောင်းရှိပြီး အားလုံးကို ဂရုစိုက်တတ်တဲ့ သူအကြောင်းကိုပရိသတ်တွေလဲ သိကြမှာပါနော်။

Sources- Zay ye Htet

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။