ဆိတ်မရဲ့ တရားဝင်ခွင့်ပြုချက်အရ ဆိတ်မကို သောင်းကျန်းခဲ့တဲ့ အမျိုးသား

Malawian နိုင်ငံ၊ Mchinji မြို့မှာနေထိုင်တဲ့  အသက်(၂၁)နှစ်အရွယ် Kennedy Kambani လို့ ခေါ်တဲ့ အမျိုးသားဟာ တခြားလူမွေးမြူထားတဲ့ ဆိတ်မကိုတောင် အလွတ်မပေးဘဲ ဝုန်းခဲ့တာကြောင့် သူ့ကို တိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှုအပြင် တိရစ္ဆာန်အပေါ် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုနဲ့ ဖမ်းဆီးထားကြောင်း သိရပါတယ်။


Kennedy ဟာ ကိုယ်ပိုင် ဆိတ်မမဟုတ်ဘဲ သူများရဲ့ ဆိတ်မကို လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ခဲ့တာကြောင့် အထက်ပါ ပြစ်မှုတွေနဲ့အတူ ဖမ်းဆီးခံခဲ့ရပါတယ်။ တာဝန်ရှိသူတွေရဲ့ စစ်ဆေးချက်အရ Kennedy ဟာ သူဒီလို မဖွယ်မရာပြုနိုင်ဖို့အတွက် ဆိတ်မဆီကနေ တရားဝင်ခွင့်ပြုချက် တောင်းထားကြောင်း၊ ဆိတ်မကလည်း သူ့ကို နားလည်မှုပေးကြောင်း လိမ်ညာထွက်ဆိုခဲ့ပါတယ်။


Kennedy ဟာ ဟိုယခင်ကတည်းက ဆိတ်ပိုင်ရှင်ရဲ့ ဆိတ်မကို ခိုးယူဖို့ကြိုးစားခဲ့ပြီး လက်ပူးလက်ကြပ် ဖမ်းမိခဲ့တာကြောင့် ပြဿနာအချို့ ဖြစ်ဖူးခဲ့ပါသေးတယ်။ ဒါပေမယ့် အဲဒီတုန်းက နှစ်ဖက်လုံးက အိမ်နီးချင်းလည်းဖြစ်တဲ့အပြင် မိတ်ဆွေတွေလည်းဖြစ်တဲ့အတွက် ကြီးကြီးမားမား ပြဿနာမတတ်ခဲ့ပါဘူးလို့လည်း သိရပါတယ်။


ဒါပေမယ့် Kennedy ဟာ ဒီတစ်ခေါက်မှာတော့ ဆိတ်မကို အောင်မြင်စွာ ခိုးယူနိုင်ခဲ့တဲ့အပြင် အရမ်းဆန္ဒတွေ ပြင်းပြနေတာကြောင့် ဆိတ်မကို ဝုန်းခဲ့ပါသေးတယ်။

ဒီကိစ္စကို ဆိတ်ပိုင်ရှင်သိသွားတဲ့အခါ လူစုပြီး Kennedy ကို အမိအရဖမ်းဆီးပြီး စစ်ဆေးမေးမြန်းတဲ့အခါ ဘာမှကို မငြင်းဆန်နိုင်ဘဲ အကုန်ဝန်ခံခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဆိတ်ပိုင်ရှင်က Kennedy ကို ရဲလက်ကို အပ်နှံလိုက်ပြီး မကြာခင်မှာ Kennedy ဟာ တရားစီရင်ခံရတော့မှာဖြစ်တယ်လို့ သိရပါတယ်။

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။