ရေနွေးပူလောင်ပြီး ပျက်စီးသွားတဲ့ မျက်နှာကို နဂိုအတိုင်းဖြစ်အောင် ဘယ်လိုကုသခဲ့လဲဆိုတော့

ပုံထဲမှာ မြင်တွေ့ရတဲ့ လမ်းလျှောက်တတ်စအရွယ် (၁)နှစ်နဲ့ (၃)လအရွယ်ကလေးငယ်လေးဟာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ (၂)ရက်နေ့က ပွက်ပွက်ဆူနေတဲ့ ရေနွေးအိုးကို ထိမိလိုက်ပြီး ရေနွေးပူတွေ မတော်တဆ လောင်းချခံလိုက်ရပါတယ်။ ဘာလို့ ဒီသတင်းလေးကို ပြန်တင်ပေးရလဲဆိုတော့ အောက်မှာပြောမယ့်အထဲမှာ တကယ်စွမ်းတဲ့ သဘာဝဆေးနည်းတလက်ပါလို့ပါ။


လူကြီးတောင် မခံနိုင်တဲ့ ရေနွေးပူတွေဟာ ကလေးငယ်လေးရဲ့ မျက်နှာပေါ်ကို ဖိတ်စင်သွားတဲ့အတွက် မခံရပ်နိုင်အောင် နာကျင်လွန်းတဲ့ ဒဏ်ကြောင့် အော်ဟစ်ငိုပါတော့တယ်။ မိဘတွေလည်း ချက်ချင်းဘဲ ဆေးရုံကို အမြန်ပို့ဆောင်ပေးခဲ့ပေမယ့် ဆရာဝန်ကြီးတွေက “ ကလေးဟာ အရမ်းကို ငယ်ရွယ်လွန်းတဲ့အတွက် အခြေအနေကတော့ မဟန်ဘူး။ တကယ်လို့ ကုသနိုင်ခဲ့ရင်တောင် အမာရွတ်အကြီးကြီးတွေ ကျန်ခဲ့မှာ ” လို့ မိဘတွေကို သတိပေးစကားပြောခဲ့ပါသေးတယ်။


ကလေးငယ်အတွက် စိုးရိမ်စိတ်တွေကြီးနေတဲ့ မိဘတွေဟာ ကလေးငယ်အရွယ်ရောက်လာတဲ့အခါ အတန်းဖော်တွေကြား၊ သူငယ်ချင်းတွေကြား၊ လူအများကြားမှာ မျက်နှာငယ် သိမ်ငယ်နေရမှာကို မလိုလားခဲ့ပါဘူး။ ဒီလိုနဲ့ ကလေးငယ်ရဲ့ မိဘတွေဟာ ရိုးရာဆေးနည်းတွေ၊ ခေတ်မှီဆေးနည်းတွေကို မျိုးစုံအောင်ကို လေ့လာကြပြီး ဘယ်ဟာက ကလေးရဲ့ အသားရည်နဲ့ တည့်မလဲ၊ ဘယ်တိုင်းရင်ဆေးဝါးက ဘယ်ဆေးမြစ်၊ ဘယ်ဆေးဥက အသုံးဝင်မလဲဆိုတာကအစ လိုက်လံရှာဖွေပြီး မှတ်တမ်းတွေ ပြုစုကြပါတယ်။


ဒီလိုနဲ့ တနေ့တော့ ကလေးငယ်တွေရဲ့ မိဘတွေဟာ Sea Buckthorns ဆိုတဲ့ အသီးက မီးလောင်ဒဏ်ရာကို အကောင်းဆုံး ကုသနိုင်စွမ်းရှိကြောင်း သိခဲ့ပါတယ်။ အဲ့ဒီ အသီးဟာ မီးလောင်ဒဏ်ရာနဲ့ ပတ်သက်ရင် အခြားဆေးဝါးတွေထက်တောင် ပိုအစွမ်းထက်ပါသေးတယ်။


နောက်ဆုံးတော့ မိဘတွေဟာ Sea Buckthorns အသီးကိုကြိတ်ပြီး အနှစ်တွေကို ညတိုင်း ညတိုင်း ကလေးငယ်ကို လိမ်းလိမ်းပေးခဲ့ပါတယ်။ အသီးရဲ့ အနှစ်ကိုသာ လိမ်းပေးပြီး အခြားဆေးဝါးတွေမပါဘူးလို့လည်း သိရပါတယ်။

(၁၀)ရက်လောက်ကြာလာတော့ ကလေးရဲ့ မျက်နှာဟာ သိသိသာသာ သက်သာလာတာကို တွေ့ရပါတယ်။ တကယ့်ကို အံ့မခန်းအစွမ်းပါဘဲ။

ဒီအသီးကို ကျနော်တို့ မြန်မာနိုင်ငံ ဘယ်လိုနာမည်ပေးထားလဲတော့ မသိပါဘူး။ တကယ်လို့ သိတဲ့လူ ရှိရင်လည်း အခြားလူတွ လေ့လာမှတ်သားလို့ရအောင်  ပြောခဲ့ကြပါဦးနော် …….။


Writer – Mozex

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။