အရက်မူးပြီး ထူးထူးဆန်းဆန်းလုပ်တဲ့ လူနှစ်ယောက်

မူးတာနဲ့ ပတ်သက်ပြီး မူးပုံမူးနည်း များစွာရှိပါတယ်။ တချို့လူတွေဟာ အရက်မူးလာရင် ကိုယ့်ရဲ့ ပင်ကိုယ်စရိုက်ပေါ်လာတတ်ကြပြီး သီချင်းအော်ဆိုချင်လာတာ၊ ကချင်လာတာ၊ ရန်ဖြစ်ချင်လာတာ၊ ရိုက်ခွဲချင်လာတာစတဲ့ လုပ်ရပ်မျိုးတွေကို လုပ်လာတတ်ပါတယ်။ ဒီတစ်ခါတော့ မူးပြီး ထူးထူးဆန်းဆန်းလုပ်တဲ့ အမျိုးသားအကြောင်းကို ပြောပြပါမယ်။


ထိုင်းနိုင်ငံ အရှေ့ပိုင်း Muang ခရိုင်အတွင်းမှာ နေထိုင်တဲ့ အသက်(၂၄)နှစ်အရွယ် Songka Khamsaeng ဆိုတဲ့ အမျိုးသားတစ်ဦးဟာ ညဘက်ကနေ မနက်မိုးလင်းတဲ့အထိ အရက်တွေ သောက်နေခဲ့ပြီး မနက်မိုးလင်းခါနီးမှာ လေ့ကျင့်ခန်းလုပ်မယ်ဆိုပြီး ထပြေးရာမှ ရွံ့တောထဲ ပြုတ်ကျသွားခဲ့ပါတယ်။ Songka ဟာ ဟိုအရင်ကလည်း လေ့ကျင့်ခန်းလုပ်လေ့လုပ်ထမရှိပါဘူး။ အဲ့နေ့မှ ဘာစိတ်ကူးပေါက်ပြီး လေ့ကျင့်ခန်းလုပ်လည်းဆိုတာတော့ မသိပါဘူး။


Songka တစ်ယောက် ရွံ့နွံထဲ ပြုတ်ကျသွားခဲ့ပြီး အော်ဟစ်အကူအညီတောင်းတော့မှ အနားမှာရှိတဲ့ ဆောက်လုပ်ရေးအလုပ်သမားတွေ ကြားကာ လာရောက်ကယ်တင်ပေးခဲ့ပါတယ်။ သူ့ကို အပေါ်ပြန်တင်နိုင်ဖို့အတွက်ကို စက်ကိရိယာတွေပြင်ဆင်ပြီး မနည်းဆွဲတင်ခဲ့ရပါတယ်။

 

နောက်တစ်ယောက်ကတော့ အိန္ဒိယနိုင်ငံမှာ ဖြစ်ပျက်ခဲ့တာပါ။ အသက် (၃၂)နှစ်အရွယ် Vilash Bhagat ဆိုတဲ့ အမျိုးသားတစ်ဦးဟာ အရက်မူးပြီး ဓာတ်တိုင်ပေါ်ဘယ်လိုတက်သွားမှန်း ဘယ်သူမသိလိုက်ရပါဘူး။ 

တကယ်တော့ Vilash ဟာ ဓာတ်ကြိုးတွေကို ခိုပြီး တာဇံလို ဟိုဘက် ဓာတ်တိုင်ကို ကူးဖို့လုပ်ခဲ့ပါတယ်။ ဒါပေမယ့် အရက်မူးနေတဲ့ Vilash ဟာ ဟိုဘက်အခြမ်းကို မကူးနိုင်ဘဲ ဓာတ်ကြိုးကို ကိုင်ရင်း တန်းလန်းကြီးဖြစ်နေခဲ့ပါတယ်။

နောက်ဆုံးမှာ Vilash ဟာ ဟိုဘက်ခြမ်းကို ကူးဖို့ လုံးဝမလွယ်ကူတာကို သိတဲ့အတွက် သူနဲ့အနီးဆုံး တိုင်ဘက်ကို ပြန်ကူးခဲ့ပါတယ်။ နောက်တော့ Vilash ဟာ အောင်နိုင်သူကြီးတစ်ယောက်လို ဓာတ်တိုင်ထိပ်မှာ ပျော်ရွှင်စွာ ကခဲ့ပါတယ်။ ဒီကိစ္စကို တာဝန်ရှိ ရဲတွေ သိသွားတဲ့အခါ Vilash ကို (၂)ပတ်ခန့် ရဲစခန်းမှာ ထိန်းသိမ်းထားခဲ့ပြီး အရက်မူးရင် နောက်တစ်ခါ ပေါက်ကရတွေ လျှောက်မလုပ်ဖို့ လက်မှတ်ထိုးခိုင်းထားခဲ့ကြတယ်လို့ သိရပါတယ်။
ကဲ … အရက်သမားတွေ မူးလာရင် တော်တော်မလွယ်ဘူးနော်။

Video ကြည့်ရန် ......

Songka Khamsaeng

Vilash Bhagat


Source; animal.feedytv.com

Writer - Mozex

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။