စားစရာကို အလကားမလိုချင်လို့ သစ်ရွက်တွေကို ပိုက်ဆံအဖြစ်အသုံးပြုတဲ့ ခွေးလေး

Colombia နိုင်ငံရှိ Monterrey Casanare စက်မှုတက္ကသိုလ်ကျောင်းဝင်းအတွင်းမှာနေထိုင်တဲ့ ဝန်ထမ်းတစ်ယောက်မွေးထားတဲ့ Negro ဆိုတဲ့ ခွေးလေးဟာ သူ့အတွက် စားစရာရရှိဖို့အတွက် သစ်ရွက်တွေကို ပိုက်ဆံအဖြစ် အသုံးပြုတာကြောင့် နာမည်ကြီးပါတယ်။


Negro ဟာ ကျောင်းဝင်းအတွင်းမှာ လျှောက်သွားနေတတ်ပြီး ကျောင်းသားလေးတွေ စတိုးဆိုင်က ဝယ်ကျွေးတဲ့ ကွတ်ကီးကို စားရလေ့ရှိပါတယ်။ တစ်ခါတလေ ကျောင်းသားလေးတွေမရှိရင် စတိုးဆိုင်ပိုင်ရှင်က ကွတ်ကီးလေးတွေ ကျွေးလေ့ရှိပါတယ်။ တနေ့တော့ ဉာဏ်ကောင်းတဲ့ Negro လေးကို ဘယ်သူက သင်ကြားပေးလိုက်လဲတော့မသိပါဘူး။ Negro ဟာ ကျောင်းသားတွေဆီက ကွတ်ကီး အလကားမစားချင်လို့ အမြှီးလေးနှံ့ကာ သစ်ရွက်တွေကို ကိုက်ချီလာပြီး သူ့အနေနဲ့ ပိုက်ဆံအဖြစ် လဲလှယ်တဲ့သဘောမျိုးကို ပြပါတယ်။



စတိုးဆိုင်ဆီကို သစ်ရွက်လေးတွေပေးပြီး သူလိုချင်တဲ့ ကွတ်ကီးကို တောင်းတတ်တဲ့ Negro လေးကို ဆိုင်ရှင်နဲ့ ဝန်ထမ်းတွေက အံ့သြချီးကျူးခဲ့ကြပြီး သူကြိုက်တဲ့ ကွတ်ကီးကိုလည်း ရောင်းပေးခဲ့ပါတယ်။ ဆိုင်ဝန်ထမ်းတွေ ပြောကြားချက်အရတော့ ဉာဏ်ကောင်းတဲ့ Negro လေးဟာ နေ့တိုင်း သစ်ရွက်လေးတွေ ကိုက်ချီလာပြီး ကွတ်ကီးလာဝယ်တတ်ကြောင်းနဲ့ အနည်းဆုံး တနေ့ကို (၂)ခါလောက် လာတတ်ကြောင်း ပြောပြခဲ့ပါတယ်။

ကဲ … ချစ်ဖို့ကောင်းတဲ့ Negro လေးရဲ့ Video လေး ကြည့်လိုက်ပါဦး

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။