ကိုမင်းစိန်နဲ့ ပျော်ရွှင်စရာမိသားစုတို့ ချစ်ခြင်းမေတ္တာတရားကိုဖော်ကျူးတဲ့ ပုံရိပ်လေးတွေ

ပျောက်သောသူ ရှာရင်တွေ့၊ သေသောသူ ကြာရင်မေ့ဆိုတဲ့ မြန်မာဆိုရိုးစကားရှိပါတယ်။ တကယ်တမ်းကျတော့ မေ့ပျောက်ပစ်ဖို့ ခက်ခဲလှပါတယ်။ ကိုယ့်ရဲ့ အဖေ၊ အမေ ဒါမှမဟုတ် ကိုယ်အားကိုးတဲ့၊ ကိုယ်ချစ်ခင်တဲ့ လူတစ်ယောက်ယောက် သေဆုံးသွားခဲ့တဲ့အခါ သူသက်ရှိထင်ရှားရှိစဉ်အချိန်က မေတ္တာတွေ၊ စေတနာတွေ၊ ဂရုစိုက်မှုတွေဟာ ပြန်လည်အောက်မေ့မိတိုင်း မျက်ရည်ဝဲစရာတစ်ခုပါ။


လူတွေဟာ လူ့လောကမှာ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် လက်တစ်ထွာမျှရှိတဲ့ ဝမ်းဗိုက်ပြည့်နိုင်ဖို့ အလုပ်တွေ ကြိုးစားလုပ်ကိုင်ကြရပါတယ်။ မိသားစုရှိတဲ့ လူတွေဆို ပိုမိုရှာဖွေရတာပေါ့။ ကိုယ်လုပ်တဲ့အလုပ်က လူတကာ ရွံ့ရှာတဲ့ ကြောက်ရွံ့တဲ့အလုပ်ဖြစ်နေရင်တောင် ကိုယ့်မိသားစု စားဝတ်နေရေးအတွက် လုပ်ကိုင်ရစမြဲပါပဲ။


အဲ့လိုဘဲ ကိုမင်းစိန်တစ်ယောက်လည်း ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ယုတ်မာကောက်ကျစ်တဲ့ ဇာတ်ရုပ်အတိုင်း သရုပ်ဆောင်ခဲ့ပေမယ့် တကယ်တမ်းကြတော့ လူကြမ်းကြီး နှလုံးသားက နုငယ်လှပါတယ်။ ရုပ်ရှင်ကားတစ်ကားထဲမှာ ကိုမင်းစိန်ကို တွေ့လိုက်ပြီဆိုတာနဲ့ ရုပ်ရှင်ကြည့်နေတဲ့လူတွေ အားလုံးသိတာ ဒါလူယုတ်မာ၊ ဒါမကောင်းတဲ့လူလို့ ကြိုသိပြီးသားပါ။ အဲ့လို လူတွေရဲ့ တွေးထင်မှုတွေက သူတို့ လူနေမှုစရိုက်ကိုပါ ထိခိုက်စေပါတယ်။ ဘယ်သူတွေ ဘယ်လိုပဲ ပြောနေပါစေ ..  ကိုမင်းစိန်တစ်ယောက်ကတော့ ကိုယ့်အလုပ်ကို တန်ဖိုးထားတယ်၊ သစ္စာရှိတယ်၊ ရိုးသားတယ်၊ ကြိုးစားတယ်။ တခြားသူတွေလို လိမ်ညာကောက်ကျစ်ပြီး သူများ မျက်ရည်ကြီးပေါက်ကျစေမှ ထမင်းစားရတဲ့ အလုပ်မျိုးကိုမလုပ်ဘဲ ကိုယ်ဝါသနာပါတဲ့ အလုပ်ကိုသာ သမာအာဇီဝနဲ့ မိသားစုကို ရှာဖွေကျွေးမွေးခဲ့တဲ့ သူပါ။ လူကြမ်းကြီး နှလုံးသားမရှိဘူးလို့တော့ မထင်လိုက်နဲ့နော်။ အောက်မှာ ကိုမင်းစိန်နဲ့ ပျော်ရွှင်စရာမိသားစုလေးရဲ့  ကြည်နူးစရာ ပုံရိပ်လေးတွေက ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ အမှတ်တရလေးတွေဆိုတာ သင်တွေးမိရင် သင်လည်း မျက်ရည်ဝဲမိစေမှာပါ။


Photo Crd;
Writer - Mozex

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။