အခက်ခဲပြဿနာတွေကြောင့် အဆုံးစီရင်ဖို့ ကြိုးစားခဲ့တဲ့ ခြူးလေး

MRTV-4 ရဲ့ မြန်မာဇာတ်လမ်းတွဲများကို ကြည့်ရူကြတဲ့ ပရိသတ်တို့ ခြူးလေးကို သိကြမှာပါနော်။ အနုပညာလမ်းကြောင်းမှာ အောင်မြင်မူရဖို့ဆိုတာ လွယ်ကူတဲ့အရာမဟုတ်ပေမဲ့ သူမကအရိုးသားဆုံးနဲ့ အခုချိန်ထိ ပရိသတ်တွေအပေါ် အချစ်မပြယ်စေဘဲ ဇာတ်လမ်းတွဲမင်းသမီးလေးအဖြစ်ရှိနေခဲ့ပါတယ်။ လက်တလောမှာ ခြူးလေးက သူမရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စများကြောင့် စိတ်ဒဏ်ရာရခဲ့ပြီး အဆုံးစီရင်ဖို့ကြိုးစားခဲ့ပေမဲ့ အနုပညာမောင်နှမတွေရဲ့ သိရှိမူကြောင့်အချိန်မှီဘဲ ကယ်တင်နိုင်ခဲ့ပါတယ်။


သူမအတွက် ဘယ်လိုအကြောင်းအရာတွေကများစိတ်ဖိစီးမူကိုဖြစ်စေခဲ့တာလဲ
ပန်ထွာကိုယ်တိုင်ကလဲ ခြူးလေးရဲ့ ဖြစ်ရပ်ကိုခုလိုရှင်းပြခဲ့ပါတယ်။

#ခုချိန်ထိစိတ်မကောင်းဖြစ်နေရတယ် ညီမလေးရယ်
အသဲကွဲတဲ့ဒဏ်ကို မခံနိုင်လို့ ကိုယ့်ကိုကိုယ် သတ်သေဖို့တောင်လုပ်ရလား ညီမလေးရယ် ကံကောင်းလို့ပေါ့ ညက အမတို့အဖွဲအချိန်မှီ တိုက် ခေါင်မိုးပေါ် ရောက်မလာရင်

အလုပ်တွေအများကြီးလုပ်ရဦးမယ်ညီမလေး
အောင်မြင်မှူ့တွေရှာရဦးမယ် ညီမလေးရဲ့ မိသားစုကို စောက်ရှောက်ရဦးမယ်လေ
အားတင်းထားပါ ကံတရားလို့ပဲတွေးလိုက်ပါ
အမတို့လည်းနားလည်ပါတယ် ၂ နှစ်ကျော် ၃နှစ်နီးပါ သံယောစဉ်ကို
၂ လနီးပါးအချိန်လောက်လေးနဲ့ မေ့ပစ်ဖို့ ခက်ခဲမယ်ဆိုတာ သိပါတယ် အနုပညာလုပ်နေတဲ့သူအချင်းချင်း ကိုယ်ချင်းစာမိပါတယ် မေ့လိုက်ပါ ညီမလေး
အလုပ်ပြီးချိန်ညရောက်တိုင်း အမအခန်းထဲမှာ လူးလှိမ့်နေအောင် လာလာငိုရင် အမတို့တစ်ဖွဲ့လုံးပါ အမြဲလိုက်ငိုရတယ်


ညီမလေး အဆင်မပြေတာတွေ ဘဝအကြောင်းတွေ အသဲကွဲတဲ့
အကြောင်းတွေကြားရတိုင်း ရင်ထဲ့စို့တတ်လာရတယ်
ညီမလေးကို အရင်ထဲကချစ်တာပါ အမေမရှိတော့ပေမဲ့ မိသားစုမှာ အကြီးဆုံးတစ်ယောက်ရဲ့ တာဝန်ကိုအပြည့်အဝယူပေးနေရရှာတယ်
အငယ်တွေရှေ့မှာ မျက်ရည်မကျပြပဲ ဟန်ဆောင်ပြုံးနေရှာရတယ်


အဆင်မပြေခြင်းတွေအမြန်ကုန်ဆုံးပါစေ
အရာရာဟာ အချိန်တန်ရင်ပြီးသွားမှာပါ
Fighting naw
အဆင်ပြေပါစေညီမလေး

ပရိသတ်တွေရေ ခြူးလေးကိုအားပေးစကားပြောခဲ့ပေးပါအုံး ။

Sources- Jue Jue Pan Htwar

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။