မြွေအကိုက်ခံရတဲ့ အမျိုးသမီးက မသေဘဲ ကိုက်ခဲ့တဲ့မြွေက ဆီလီကွန်အဆိပ်ကြောင့် သေဆုံး

အစ္စရေးမော်ဒယ်တစ်ဦးဖြစ်တဲ့ Orit Fox ဆိုတဲ့ အမျိုးသမီးဟာ ရုပ်ရှင်ရိုက်ရန် မြွေကြီးတစ်ကောင်နဲ့အတူ Sexy ကျကျဝတ်ဆင်ရင်း ရိုက်ကူးခဲ့ပါတယ်။ အစပိုင်းတော့ မြွေကြီးဟာ လိုရာပုံသွင်းလို့ရပြီး အဆင်ပြေစွာ ရိုက်ကူးနိုင်ခဲ့ပေမယ့် အခြေအနေဟာ ရုတ်တရက် ပြောင်းလဲသွားပြီး မြွေကြီးက Orit Fox ရဲ့ ဖောင်းကြွနေတဲ့ ရင်သားကို ကိုက်လိုက်ပါတယ်။


ရိုက်ကူးနေချိန်မှာ မော်ဒယ် Orit Fox ဟာ မြွေရဲ့ ဦးခေါင်းက သူမ ပါးစပ်အနားရောက်လာချိန်မှာ သူမက လျှာနဲ့ ယက်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲ့လိုလုပ်လိုက်လို့ မြွေက စိတ်တိုသွားလားတော့ မသိပါဘူး။ မြွေက ချက်ချင်းဘဲ Orit Fox ရဲ့ ရင်သားကို စတင်တိုက်ခိုက်ပါတော့တယ်။


ရိုက်ကူးရေးသမားတွေရော တာဝန်ရှိသူတွေပါ လန့်ဖြန့်ပြီး Orit Fox ရဲ့ ရင်သားကိုမြွေကိုက်ထားတဲ့ မြွေကို အတင်းပြန်လွှတ်အောင် လုပ်ကြရပါတယ်။ ဒါပေမယ့် ရင်သားကို ကိုက်လိုက်တဲ့ မြွေဟာ သိပ်မကြာခင်မှာဘဲ သေဆုံးသွားခဲ့ပါတယ်။ သူကလည်း ကိုက်သေးတယ် ဘာလို့ သေရတာလဲဆိုတာ စစ်ဆေးလိုက်တဲ့အချိန်မှာ အဆိုပါ မြွေဟာ ဖောင်းကြွနေတဲ့ ရင်သားရဲ့ နောက်ကွယ်က ဆီလီကွန်အဆိပ်ကြောင့် သေဆုံးခဲ့ရတာလို့ တွေ့ရှိခဲ့ကြပါတယ်။


နောက်ဆုံးတော့ မြွေအကိုက်ခံရတဲ့ အစ္စရေးမော်ဒယ် Orit Fox က မေးခိုင်ကာကွယ်ဆေးသာ ထိုးခဲ့ရပြီး ဆီလီကွန်အစွမ်းထိသွားတဲ့ မြွေကတော့ သေဆုံးသွားခဲ့ပါတယ်။ ကဲ ဒီတော့ကာ ... ဘော်ဒါအပေါင်းသူတော်ကောင်းတို့အနေနဲ့ သတိထားကြလော့ …….

Video ကြည့်ရန် .........

Source; international.sindonews.com

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။