ကိုယ့်ကိုကိုယ် သတ်သေဖို့ကြိုးစားခဲ့တဲ့ ကိစ္စကို ပြန်လည်ဖြေရှင်းခဲ့တဲ့ ခြူးလေး

MRTV-4 ဇာတ်လမ်းတွဲမင်းသမီးလေးဖြစ်တဲ့ ခြူးလေးက လွန်ခဲ့တဲ့ရက်က ကိုယ့်ကိုကိုယ် သတ်သေဖိုကြိုးစားခဲ့တဲ့ ကိစ္စနဲ့ ပက်သတ်ပြီး သူမအတွက် စိတ်ပူပေးကြတဲ့ ချစ်ပရိသတ်တွေကို အခုလို ပြန်ဖြေရှင်းခဲ့ပါတယ်။

စိတ်ပူပေး ကြတဲ့ သူတွေအားလုံး ကို ခြူးလေးတကယ် လှိုက်လှိုက်လှဲလှဲရင်ထဲက ကျေးဇူးတင်ပါတယ် ရှင်
လူငယ်တစ်ယောက်အနေနဲ့ ဘဝ ရဲ့ အဆင်မပြေမှု များ ကြောင့် ခဏတာလေး ယိုင်လဲသွားတာပါ
အခု အရာအားလုံးကို မေ့ပစ်ပြီး စိတ်ဓါတ်ခိုင်မာစွာနဲ့
ကိုယ့်ကိုကိုယ် ပြန်လည်တည်ဆောက်ထားပါတယ်


ခြူးကိုညီမအရင်းလို ချစ်ပြီး တန်ဖိုးထားပေးတဲ့ မဂျူဂျူးပန်ထွာနဲ့ တခြား သူငယ်ချင်းများ လုပ်ဖော်ကိုင်ဖက်များကိုလည်း တကယ့် အခက်ခဲ ကြုံချိန်မှာ အရမ်းကို လေးစားချစ်ခင်မိပါတယ် အမတို့ရဲ့ ခြူးလေးအပေါ်မှာထားရှိတဲ့ မေတ္တာ တရားတွေ ဟာ တခြားသူတွေ အတွက် ဝေဖန်မှုတွေ ဖြစ်လာခဲ့တာကို ခြူးလေး တကယ် အားနာပြီး စိတ်မကောင်းဖြစမိပါတယ်အခု ခြူးလေး ဖြစ်ခဲ့ရတာတွေကလည်း မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာလိုစိတ်မရှိပါ အရာရာ ဟာ ကံတရားလို့ဘဲ သတ်မှတ်ထားပါတယ်
ခုလို ပြန်ရှင်းပြရတာကလည်း Page များရ ဲ့ ပြင်းထန်လှတဲ့ ခေါင်းစဉ်အမျိုးမျိုး ရဲ့ အောက်မှာ အလူးအလဲ ဝေဖန်တိုက်ခိုက်ခံနေရတဲ့ ကာယကံရှင် ဖြစ်တဲ့ ခြူး ရယ် မဂျူးဂျူးပန်ထွာရယ်တစ်ယောက်သောသူ အတွက်ရယ်ပါ
အရာရာပြီးခဲ့ပြီမို့ ကာယကံရှင်တွေရဲ့ အနာဂါတ် တွေကို ငဲ့ကွက်သော အားဖြင့် Page တွေ ပြန်လည် မျှဝေပေးဖို့ မေတ္တာရပ်ခံပါတယ်ရှင်
အရာရာအားလုံးဟာ ကိုယ့်ဘဝနဲ့ကိုယ်ဖြစ်နေပါပြီ
သူများကို ထိခိုက်စေတဲ့ comment များ မ မန့်ဖို့ မေတ္တာရပ်ခံပါတယ်ရှင် 

ခြူးလေးကတော့ ကိုယ်ကိုကိုယ် စိတ်ပြန်ထိန်းနိုင်ခဲ့ပြီလား.။ ပရိသတ်တို့ရေ

Sources- Chue Lay

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။