ကားခြင်းတိုက်မိတဲ့ ပြသာနာကို ပြန်လည်တုံ့ပြန်လိုက်တဲ့ နှိုင်းယှဉ်မြင့်မိုရ်

အနုပညာလောကမှာ ပရိတ်သတ်တွေအခိုင်အမာနဲ့ ရပ်တည်နေတဲ့ ဇာတ်ပို့ဇာတ်ရံလင်မယားအဖြစ်လည်း နာမည်ကြီးတဲ့ ကိုဘင်းနဲ့ နှိုင်းယှဉ်မြင့်မိုရ် တို့ဟာ အောင်မြင်မှုတွေ၊ ပျော်ရွှင်မှုတွေနဲ့ ပြည့်နေတဲ့ မိသားစုလို့ ပြောမယ်ဆိုရင်လည်း မမှားပါဘူး။ ကိုဘင်းရော နှိုင်းယှဉ်မြင့်မိုရ်ပါ တစ်ဦးချင်းဖြစ်စေ နှစ်ယောက်တွဲ၍ ဖြစ်စေ ကိုယ်စီကိုယ်စီ အောင်မြင်မှုတွေလည်းရှိပြီးသားသူတွေပါ။

ဇန်နဝါရီလ (၁၂)ရက်နေ့က ကိုဘင်းနဲ့ နှိုင်းယှဉ်မြင့်မိုရ်ဟာ အလုပ်ကိစ္စနဲ့ သွားလာနေစဉ် အပြင်ပရိတ်သတ်တစ်ဦးနဲ့ ဖြစ်ခဲ့ကြပါတယ်။ သူတို့ မောင်းလာတဲ့ကားနဲ့ လမ်းကြောင်းပြောင်းပြန်ဝင်လာခဲ့တဲ့ ကားတစ်စီးဟာ နားလည်မှုလွဲပြီး မတော်မဆ တိုက်မိခဲ့ရာ ကားမှာ ထိခိုက်မှု အနည်းငယ်ဖြစ်သွားခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး လမ်းကြောင်းပြောင်းပြန်ဝင်တဲ့ ကားနဲ့ ကိုဘင်းတို့ ဇနီးမောင်နှံဟာ အချေအတင် စကားများခဲ့ကြပါတယ်။

ဒီပြသာနာနဲ့ ပတ်သက်ပြီး လမ်းကြောင်းပြောင်းပြန်ဝင်တဲ့ ကားပိုင်ရှင်မှ လူမှုကွန်ယက်ပေါ်ကို သတင်းဖြန့်ဝေခဲ့ပါတယ်။ အဲ့နောက်မှာတော့ ကိုဘင်းတို့ဇနီးမောင်နှံရဲ့ ပရိတ်တွေဟာ မခံမရပ်နိုင်တွေဖြစ်ပြီး  ကိုဘင်းတို့ကို ဖြေရှင်းမှုနဲ့ ဖြစ်စဉ်ကို အမှန်တိုင်း ပြောစေချင်ခဲ့ကြပါတယ်။

 

အခုတော့ ကိုဘင်းနဲ့ နှိုင်းယှဉ်မြင့်မိုရ်တို့ဟာ တရားဝင် လူမှုကွန်ယက်ပေါ်ကို Video File တင်လိုက်ပါတယ်။ အမှန်တရားတစ်ခု ဘယ်လို ထွက်ပေါ်လာဦးမလဲဆိုတာကတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ။ 

Video ကြည့်ရန် ..............

we.com.mm တွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင် ပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဒီနေရာတွင် ဖတ်ရှုနိုင်ပါသည်။